နိုဝင်ဘာ ၂၀ မှ ၂၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၄၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုညဒသမ ၉၉၃ သန်းကို မလေးရှား၊ စင်ကာပူနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကတန် ၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ အပို့ကျတယ်လို့ ဆိုရပါမယ်။ ပင်လယ်ရေကြောင်းက အပို့ကျပေမယ့်နယ်စပ်ကတော့ မူဆယ်နဲ့ ချင်းရွှေဟော်စခန်းတွေကနေ တန် ၈၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ RSS-3 တစ်တန်ကို ၃၁၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၃၀၀၀ ဒေါ်လာဈေးပေါက်နေတယ်လို့ သိရပါတယ်။KZW
Background