နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများကနေ ကန်ဒေါ်လာ ၃ ဒသမ ၃၃၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၇၄ တန်ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၈၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ MSR -20 ၁၃၅ တန်၊ RSS-3 ၃၄၃ တန်နဲ့ MSR -50 ၉၁ တန်၊ ချင်းရွှေဟော်မှ RSS-3 ၃၀၅ တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ယခုတပတ်မှာတော့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ရော်ဘာတင်ပို့နိုင်ခြင်းမရှိပါဘူး၊ မိမိဘက်ရော်ဘာဈေးများကျဆင်း နေပေမယ့် တစ်ဖက်နိုင်ငံဈေးကတော့ မြင့်တက်နေတာတွေ့ရပါတယ်။ ရော်ဘာကုန်သယ်ယူခကတော့ ယခင်အပတ်ထက် ၁ ပိသာကို ၁၀ ကျပ်နှုန်းခန့် လျော့နည်းသွားတာကို တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၆၄၄၀၄ ၂၅၇၀၅၈၂ ၆၁၂၄ ၀ .၂၃ ၃၃၀၇ ၃၁၅၇ ၁၅၀ ၄ .၅RSS - 5 ၂၂၂၆၈၂၂ ၂၂၃၂၉၄၆ ၆၁၂၄ ၀ .၅ ၃၁၅၀ ၂၉၉၉ ၁၅၁ ၄ .၈MIRT(DOBT)
Background