Main menu

Background

နိုင်ငံတကာရော်ဘာကောင်စီ (ITRC) အနေဖြင့် ရော်ဘာ တစ်ကီလိုလျှင် အနိမ့်ဆုံး ဈေးနှုန်း ၃ ဒသမ ၅၀ ဒေါ်လာရရှိမှသာ တင်ပို့ရောင်းချရန် သဘောတူခဲ့

Mon, 12/05/2011 - 08:39 -- Anonymous (not verified)

                 နိုဝင်ဘာလနှောင်းပိုင်း အာရှရော်ဘာဈေးနှုန်းတွေက လဆန်းပိုင်းကာလနှုန်းထားတွေအောက် များစွာ လျော့နည်း လာတယ်။ လဆန်းပိုင်းက တစ်တန်ကို ၃၉၆၂ ဒေါ်လာ ရှိနေခဲ့တဲ့ ထိုင်းမှ မှိုင်းခံရော်ဘာ အဆင့် (၅) (Rubber Smoked Sheet-RSS-5)  အမျိုးအစားက နိုဝင်ဘာ လနှောင်းပိုင်းမှာ တစ်တန်ကို ၃၃၀၀ ဒေါ်လာဝန်းကျင်အထိ ကျဆင်းသွားတယ်။ ကြွေးမြီအကျပ်အတည်း ပြဿနာကြုံ နေတဲ့ ဥရောပဒေသအပါအဝင် ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှ ရော်ဘာဝယ်လိုအား ကျဆင်းနေခြင်းက ရော်ဘာဈေးနှုန်း အပေါ် ဖိအားဖြစ်စေတယ်။ အီးယူဒေသရဲ့ ရော်ဘာဝယ်လို အားက ကမ္ဘာ့ရာဘာဝယ်လိုအားရဲ့ ၁၁ ရာခိုင်နှုန်း ဝန်းကျင် ရှိတယ်လို့ ဥရောပဒေသ တာယာနဲ့ ရော်ဘာထုတ်လုပ်သူများအသင်းက ပြောကြားတယ်။                 ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ တဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား သုံးနိုင်ငံပါဝင်တဲ့ နိုင်ငံတကာ ရော်ဘာကောင်စီ (ITRC) အနေနဲ့ ရော်ဘာတစ်ကီလိုကို အနိမ့်ဆုံးဈေးနှုန်းမှာ ၃ ဒသမ ၅၀ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၅၀၀) ရရှိမှသာ ရောင်းချဖို့ သဘောတူခဲ့ကြတယ်။ ရော်ဘာစေး ထုတ်ယူမှုကိုလျှော့ချပြီး တင်ပို့မှုကို ကန့်သတ်ကာ သိုလှောင်မှုပမာဏကို မြှင့်တင်ကြမယ်လိ့ုလည်း သဘောတူညီခဲ့ကြတယ်။ ဒါ့အပြင် ရော်ဘာဈေးနှုန်းတွေ ထပ်မံကျဆင်းမယ်မျှော်မှန်းကာ စာချုပ်တွေဝယ်ယူမှုနှုန်း လျှော့ချတဲ့ သင်္ဘောတင်ပို့မှုရက်တွေ ရွှေ့ဆိုင်းတဲ့ ဝယ်ယူသူတွေကို အမည်ပျက်စာရင်း ( Black List) မှာ ထည့်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ ပပ၊ Source:thejakartaglobe.com, the Jakarta post , rubberboard.org.in