ICE ကြိုပွိုင့်ဈေးကွက်မှာ သကြားကြမ်းဈေး လက်ရှိတစ်ပေါင်ကန်ဒေါ်လာ ၂၃ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၀၇) ရှိရာမှ လာမယ့်နှစ်မှာ သိသိသာသာကျဆင်းဖွယ် ရှိတယ်လို့သိရပါတယ်။ ကမ္ဘာ့သကြားစိုက်ပျိုးထုတ်လုပ် တင်ပို့မှုအကြီးဆုံးဖြစ်တဲ့ ဘရာဇီး နိုင်ငံမှာ ရာသီဥတုဆိုးဝါးပြီး ၂၀၁၁-၂၀၁၂ မှာ သကြားထွက်ရှိမှုကျဆင်း မယ်လို့ ခန့်မှန်းထားတဲ့တိုင် အိန္ဒိယ၊ ထိုင်းနဲ့ သြစတြေးလျတို့ ကြံထွက်ရှိမှုတိုးတက်ပြီး သိုလှောင်မှုများခြင်းက ဘရာဇီးနိုင်ငံမှ အထွက်လျော့ကျမှုကို ပြန်လည်ဖြည့်ဆည်း နိုင်မယ်လို့ Capital Economics မှ စီးပွားရေးပညာရှင်များမှ ပြောကြားပါတယ်။ သကြားတင်သွင်းတဲ့ တရုတ်နိုင်ငံပင်လျှင် ၎င်းင်းတင်သွင်းမှုအမြင့်ဆုံးပမာဏ အောက်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး အားပျော့လာခြင်းကြောင့် စားသုံးမှုတိုးတက်ခြင်းကလည်း နှေးကွေးလာတာနဲ့အမျှ ရေနံဈေးနဲ့ အခြားကုန်စည် ဈေးများကျဆင်းနေတာကြောင့်လာမယ့်နှစ်များမှာ သကြားဈေးကွက်အတွင်း ထုတ် လုပ်မှု ကုန်ကျစရိတ်များ ကျဆင်းဖွယ်ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။ စီးပွားရေးပညာရှင်များ ခန့်မှန်းကြရာမှာ နောက်နှစ်နှစ်ကျော်မှာလည်း သကြားရောင်းချမှု ပိုလျှံမယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်ကုန်ပိုင်း သကြားဈေးဟာ လက်ရှိပမာဏအောက် ၂၀ ရာခိုင်နှုန်းဝန်းကျင်နိမ့်ကျပြီး ၂၀၁၃ မှာ တစ်ပေါင်ကို ကန်ဒေါ်လာ ၁၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၃၃၁) ကို ထပ်မံကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင် Source: bloomberg.net
Background