Main menu

Background

မန္တလေးစက်မှုဇုန်အနီး မြေကွက်များ အတက်ကြမ်း အရောင်းသွက်

Mon, 12/05/2011 - 09:23 -- Anonymous (not verified)

               မန္တလေးစက်မှုဇုန်အနီးရှိ မြေကွက်များအရောင်းသွက်ပြီး ဈေးနှုန်းအတက် ကြမ်းလျက်ရှိကြောင်း သိရပါတယ်။ စက်မှုဇုန်ရှိ အရှေ့အနောက်လမ်းမကြီးများဖြစ်တဲ့ ကနောင်မင်းသားကြီး လမ်း၊ ဖိုးရာဇာလမ်း၊ သခင်ဖိုးလှကြီး လမ်းနဲ့ ယောမင်းကြီးလမ်းများအား လမ်းခင်းလျက်ရှိခြင်းနဲ့ ယခုနှစ်ကုန်ပိုင်း မှာ အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်းဖွင့်လှစ် မှာဖြစ်ခြင်းတို့ကြောင့် ဈေးမြင့်တက်လာပြီး အရောင်းအဝယ်သွက် လျက်ရှိပါတယ်။                အဆိုပါ အကွက်များမှာ တတ၊ ဒဒ၊ နန၊ ပပ၊ ဓဓ၊ လလ၊ ၀ ၀ အကွက် များကို ရင်းနှီးမြှုပ်နှံလိုသူများ ဝယ်ယူ လျက်ရှိကြောင်း သိရပါတယ်။ " စက်မှုဇုန် လမ်းခင်းမယ်ဆိုတော့ ရန်ကုန်-မန္တလေး လမ်းမကြီးကနေ လမ်းပေါက်မယ်။ လမ်းပန်းဆက်သွယ် ရေးကောင်းမယ်ဆိုတော့ စက်မှုဇုန် အနီးကမြေကွက်ကို စိတ်ဝင်စားလာ တယ်။ နှစ်ဆန်းပိုင်းက ဒီမြေကွက်တွေ ကိုဝယ်မယ့်သူနည်းတယ်။ ခုဆိုအဝယ် လိုက်တဲ့အတွက် နှစ်စကထက် ဈေးနှုန်း နှစ်ဆလောက်တက်လာတယ်။ မြေဝယ် တဲ့သူတွေက နေထိုင်မယ့်သူတွေ မပါဘူး။ ရင်းနှီးမြှုပ်နံှမယ့်သူတွေပဲ ဝယ် ကြတာ။ လူနေထိုင်ဖို့ကမစည်ကားသေး ဘူး။ လာဝယ်တဲ့သူတွေက မန္တလေးမြို့ပေါ်ကရော နယ်စုံကပါ လာဝယ် ကြတယ်။ ရန်ကုန်ဘက်ကလည်း လုပ် ငန်းရှင်တော်တော်များများ လာဝယ်ကြ တယ်"လို့ ပြောပါတယ်။ မြေကွက်ဈေးနှုန်းများမှာ ပပ၊ ဗဗ၊ ဘဘ၊ မမ အကွက် ပေ ၄၀ _ ပေ ၆၀ တစ်ကွက်ကို အနည်းဆုံး သိန်း ၅၀၀ ကျပ်၊ အများဆုံး လမ်းမတန်း သိန်း ၁၀၀၀ ကျပ်ဝန်းကျင်ရှိလို့ တတ၊ ဒဒ၊ နန၊ လလ၊ ဇဇ အကွက်များမှာ သိန်း ၂၀၀ နဲ့ သိန်း ၁၀၀၀ ကြားရှိကြောင်း ဈေးနှုန်း ထပ်မံတက်နိုင်ဖွယ်ရှိကြောင်းသိရပါတယ်။ ဇူးဇူး