Main menu

Background

လက်ကားကုန်စည်ဒိုင် ဖွံ့ဖြိုးတိုးတက်ရေး သတ္တမခြေလှမ်း

Mon, 12/12/2011 - 06:33 -- Anonymous (not verified)

          ကုန်သွယ်မှု အဆင့်အတန်း မြှင့် တင်ရေးနဲ့ ပြည်တွင်းကုန်စည်စီးဆင်းမှု မှန်ကန်ရေး တို့အတွက် အရေးပါတဲ့ လက်ကားကုန်စည်ဒိုင်များ ဖွံဖြိုး တိုး တက်ရေး သတ္တမခြေလှမ်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၄ ရက် (တနင်္ဂနွေနေ့)၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း   ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ပို့ကုန် တင်ပို့ ရောင်းချမှု ဈေးကွက်ဟာ  မိမိနိုင်ငံ အတွင်းမှာ တည်ရှိနေဖို့ လိုအပ်တာနဲ့ အမျှ ရောင်းဝယ်မှုပုံစံများ စနစ်တကျ ရှိစေရေးအတွက် ကုန်စည်ဒိုင်များကို သင်းဖွဲ့စည်းမျဉ်းသင်းဖွဲ့မှတ်တမ်းများ စနစ်တကျ ရေးဆွဲပြီးပစ္စည်းမှန်၊ ဈေး နှုန်းမှန်၊ အရောင်းအဝယ်မှန်၊ ဈေး ကွက်မှန် မှန်(၄)မှန်နဲ့ပြည့်စုံဖို့ လိုအပ် တယ်ဆိုတာ အားလုံးအသိပင်ဖြစ်ပါ တယ်။ ပြည်ပကုန်သွယ်မှု  ကဏ္ဍမှာ ပါဝင်နေတဲ့   နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ စနစ်တကျတိုးမြှင့်လာပြီး ကုန်သွယ်မှုမြှင့်တင်ရေးအိမ်နီးချင်းနိုင်ငံ များနဲ့ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးများ ဆောင်ရွက်လျက်ရှိရာ  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ   အဓိက အခန်းမှာ ပါဝင်နေတဲ့အတွက်  ဇုန်ဖွင့် လှစ်ပြီးချိန်မှစပြီး မြန်မာ့ အဓိကပို့ကုန် ဖြစ်တဲ့    ရေထွက်ကုန်ပစ္စည်းများ ဈေးကွက် ရှင်သန်ရေးအတွက် အအေး ခန်းစက်ရုံကိုဖွင့်လှစ်ခဲ့ပါတယ်။ အလား တူငါးရှဉ့် လေလံတင် ရောင်းချမှုလုပ် ငန်းနဲ့ဂဏန်း လေလံတင်ရောင်း ချခြင်း လုပ်ငန်းကိုလည်း စတင် ဆောင်ရွက် ခဲ့ပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်   စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းရဲ့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ကိုလည်း ဖွင့်လှစ်ခဲ့ပြီး  ဖြစ်သလို   ပဲပြောင်း နှမ်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင် ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ယခု ဆို ရင် တိုင်းဒေသကြီးပြည်နယ်များမှာ ပစ္စည်း အမျိုးအစားအလိုက် လက်ရှိ ရောင်းဝယ်  ဖောက်ကားလျက်ရှိတဲ့ လက်ကားကုန်စည်ဒိုင်  ၃၇ ဒိုင် ဖွင့် လှစ်လျက် ရှိပြီး ကုန်စည်စီးဆင်းမှု (ဝင်/ထွက်)ရှိသောဒေသများ၊ဈေးကွက် အချက်အချာကျတဲ့နေရာများနဲ့ လမ်း ပန်း ဆက်သွယ်ရေးအချက်အချာကျတဲ့ ကားလမ်း၊ ရထားလမ်းနှင့် ရေကြောင်း လမ်းများအရ ကုန်စည်ဒိုင်၂၈ ခု ထပ်မံ ဖွင့်လှစ်ရန် ကျန်ရှိနေပါသေးတယ်။    ဒေသအလိုက် ထွက်ရှိမှုကို ဒေသ အလိုက်စုစည်းပြီး ဒေသတစ်ခုနဲ့တစ်ခု ကူးသန်းရောင်းဝယ်ကြတဲ့ လက်ကား ကုန်စည်ဈေးကွက်ဖွံ့ဖြိုးမှုဟာ ထိုဒေသ စီးပွားရေးဖွံဖြိုးမှုအတွက်  အလွန် အရေးပါတဲ့အတွက် ကုန်စည်ထွက်ရှိ ရာ မြို့အလိုက် ကုန်စည်ဒိုင်များ ဖြစ် ပေါ်ရေးကို အားပေးမြှင့်တင်ဆောင် ရွက်ရေး လေ့လာစဉ်းစားပြီး ကုန်စည် ထွက်ရှိရောင်းဝယ်မှု အခြေအနေပေး မှုအပေါ် မူတည် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။တောင်သူလယ်သမားအဆင့်ထိသတင်း အချက်အလက်များပေးရန် လိုအပ်    လက်ကား ကုန်စည်ဒိုင်များဖြစ် ပေါ်ရေး၊ ဈေးကွက်ဖွံဖြိုးရေးနဲ့ လက် ကားကုန်စည်ဒိုင်များ ဖွံဖြိုးတိုးတက်ရေး အတွက် လေ့လာသုံးသပ်စဉ်းစားရင် အခြေခံအကျဆုံး ဒေသရဲ့ကုန်ထုတ် လုပ်မှု အခြေအနေနဲ့  ရောင်းဝယ် ဖောက်ကားမှုအခြေအနေ၊ အခြေခံကို ဦးစွာလေ့လာရမှာဖြစ်ပါတယ်။ ကုန် ထုတ်လုပ်မှုဟာ မြို့နယ်ဒေသအတွင်း စားသုံးမှုလောက်သာ  ထွက်ရှိတယ် ဆိုရင်တော့ ကျေးလက်ကစိုက်ပျိုး ထုတ်လုပ်ပြီး ထွက်ကုန်တွေကို မြို့က လက်လီဈေးတွေမှာ ဖြန့်ဖြူးရောင်းချရုံနဲ့ လုံလောက်ပါတယ်။ မြို့နယ်ဒေသက ထွက်ကုန်များဟာ မြို့နယ်ဒေသ လူဦး ရေနဲ့ စားသုံးမှု  Demand ထက်ပိုရင် တော့ မိမိမြို့နယ်ဒေသက ထွက်ကုန် တွေကို လိုအပ်တဲ့ဒေသကလာရောက် ဝယ်ယူခြင်း၊ မိမိဒေသက အခြားဒေသ ကို သွားရောက်ရောင်းချခြင်းမျိုးကို ပြု လုပ်လာကြမှာ ဖြစ်ပါတယ်။‘    ဒီအခြေအနေမှာ အဲဒီမြို့နယ် ဒေသက ကုန်သည်ပွဲစား၊ လုပ်ငန်းရှင် များဟာ မိမိတို့မြို့နယ်မှာ လက်လီဈေး ကွက်လောက်ပဲဖော်ဆောင်နိုင်မယ်။လက်ကား ဈေးကွက် WholesaleMarket  နဲ့ ကုန်စည်ဒိုင် Commodity Exchange တွေ ဖြစ်ပေါ်အောင် ဈေး ကွက်ဖွံ့ဖြိုးအောင် ကုန်သည်များ စု ပေါင်းစွမ်းဆောင်နိုင်မှု  မရှိတဲ့အခါ အခြားဒေသ ဈေးကွက်သို့ ပို့ရခြင်း၊ အခြားဈေးကွက်က လာရောက်နုတ် သိမ်းမှု ပြုခြင်းတို့ကြောင့် မိမိဒေသတွင်း ကုန်စည်  ကူးသန်းရောင်းဝယ်မှုနဲ့ တောင်သူ၊ ကုန်သည်ပွဲစား၊ လုပ်ငန်းရှင် တို့အကြား ကုန်ပစ္စည်း အမျိုးအစား အလိုက်၊ အရည်အသွေးအလိုက်၊ ဈေး နှုန်းနဲ့ အရောင်းအဝယ်များဟာ  ထို ဒေသ တောင်သူ၊ ကုန်သည်ပွဲစား၊ လုပ်ငန်းရှင်တို့အကြား အကျိုးစီးပွား မျှတစွာ ဖော်ဆောင်နိုင်တဲ့ (Supply Chain/ ValueChain) အချိတ် အဆက် အားနည်းပြီး အခြားဒေသနဲ့ ယှဉ်ပြိုင်နိုင်စွမ်း အားနည်းလာတာ တွေ့ရမှာ ဖြစ်ပါတယ်။    ကုန်စည်ဒိုင်တွေဟာ  သူ့ဒေသ နဲ့သူ ရောင်းဝယ်မှု ပုံစံများဖြင့်သာ ဆောင်ရွက်နေကြပါတယ်၊ ကုန်စည် ဒိုင်များ အနေနှင့်ဈေးကွက်မှာ ဈေးနှုန်း ဖြစ်ပေါ်မှု အပေါ်စိုက်ပျိုးတဲ့ တောင်သူ၊ ပို့ဆောင်ရောင်းချပေးတဲ့ကုန်သည်များ ရဲ့ အကျိုးအမြတ်ကိုထည့်သွင်းစဉ်းစား ပေးရမှာ ဖြစ်ပါတယ်။  ဒါကြောင့် တောင်သူများအတွက်  ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သင့်တင့်သော အကျိုး အမြတ်ရရှိစေမည့်ဈေးနှုန်းဖြစ်ဖို့ကို ကုန်စည်ဒိုင်များကထိန်းကျောင်း ဖြေ ရှင်းပေးရမှာဖြစ်ပါတယ်။ တောင်သူ လယ်သမားများအနေနဲ့ ဈေးကွက် ပေါက်ဈေးအမှန်ကို  မသိရှိကြလို့ ကုန် စည်ဒိုင်များအနေဖြင့်တောင်သူလယ် သမားအဆင့်ထိ   သတင်းအချက်   အလက်များပေးရန် လိုအပ်ပါတယ်။ဒါမှသာ  တောင်သူလယ်သမားဟာ လည်းဈေးကွက်ပေါက်ဈေးအရ တွက် ခြေကိုက်မယ့်ပစ္စည်းကို ထုတ်လုပ်နိုင် မှာဖြစ်ပါတယ်။ သတင်းအချက် အလက်များရောက် ရှိရေးကိုကုန်စည် ဒိုင်မှ တောင်သူအထိပညာပေးရေးနဲ့ သတင်းအချက်အလက်ဖြန့်ဖြူးပေးရေး အရှိန် အဟုန်ကိုမြှင့်တင်ရန်  လိုအပ် ပါတယ်။APIS အလိုအလျောက် ပြန်ကြား စက် တပ်ဆင်ပြီFAO Project uae APIS(Automatic Price Information System) ကို အသုံးပြုပြီး လယ်ယာ ထွက်ကုန်ဈေးနှုန်းများ ကောက်ခံခြင်း၊ ပြုစုခြင်း၊သုံးသပ်ခြင်းများ ပြုလုပ်နိုင်ဖို့နဲ့ ကုန်စည်ဒိုင်ကနေ ကုန်ဈေးနှုန်းထုတ် ပြန်ဖို့ အလိုအလျောက် ပြန်ကြားစက် များကို ရန်ကုန်၊ မန္တလေး၊ မူဆယ် မြို့ရှိကုန်စည်ဒိုင်များမှာ တပ်ဆင်ရန် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဖုန်းနံ ပါတ် ရရှိပြီး FAO နဲ့ချိတ်ဆက် ဆောင် ရွက်ရန် ဖြစ်ပါတယ်။ တောင်သူ၊ ကုန် သည်နဲ့ ပြည်ပတင်ပို့တဲ့လုပ်ငန်းရှင်များ က ဒီဖုန်းတွေကို ဆက်သွယ်တာနဲ့ ကုန် ဈေးနှုန်းသတင်းများကို  သိရှိရမှာဖြစ် ပါတယ်။Vision Mission  ထားရှိ    ကုန်စည်ဒိုင်ရဲ့ရည်ရွယ်ချက်၊ ရည် မှန်းချက် Vision ထားရှိချမှတ်ပြီး အကောင်အထည်ဖော်မယ့် Mission တွေကိုပါ  ကုန်သည်အားလုံး တညီ တညွတ်တည်းညှိနှိုင်းတိုင်ပင်ဈေးကွက် ဖွံ့ဖြိုးအောင်ဖော်ဆောင်သွားရမှာဖြစ် ပါတယ်။ ဒေသတစ်ခုမှာ  တောင်သူ တွေကလည်း လှည်းတွေ၊ ထော်လာဂျီ တွေ၊ ကားတွေနဲ့ ကုန်အဆက်မပြတ် တိုက်ပို့နေရခြင်း၊ ကုန်စည်ဒိုင်တွေ၊ ဈေး တွေစည်ကားပြီး အရောင်းအဝယ်ဖြစ် ထွန်းနေရင်အဲဒီဒေသရဲ့စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်တာ  ဖြစ်ပါတယ်။ ဒါ ကြောင့် လက်ကားကုန်စည်ဒိုင်များ ဖွံံ့ ဖြိုးတိုးတက်ရေးရဲ့အခြေခံ အကျဆုံးက တော့ဒေသရဲ့  ကုန်ထုတ်လုပ်မှုပါပဲ၊ ထုတ်ကုန်နည်းရင် အရောင်းအဝယ် ပါးမယ်၊ ထုတ်ကုန်များရင်အရောင်း အဝယ်များမယ်၊ အရောင်အဝယ်များ ရင်ကုန်စည်ဒိုင်လည်းဖွံ့ဖြိုးမှာ ဖြစ်ပါ တယ်။ ဒီနေ့  နေရာဒေသအတော်များ များမှာတောင်သူကို တိုးချဲ့စိုက်ဖို့၊ မျိုး ပြောင်းစိုက်ဖို့ ပြောရင်ငွေကြေးမပြည့်စုံ တာ အဓိကပြောကြသလို ဒီနေ့စက်မှု လုပ်ငန်းရှင်ဖြစ်စေ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ဖြစ်စေ တိုးချဲ့ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ပြောရင် ငွေကြေးမပြည့်စုံ တာ အဓိက ပြောကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ တောင်သူအပိုင်းက မိရိုး ဖလာ လုပ်ရိုးလုပ်စဉ်ထက် အနည်းငယ် စဉ်းစားကြံဆတိုင်ပင်ကြပြီး ညီညီညွှတ် ညွှတ်ဖြင့် ရာသီဥတု ဖောက်ပြန်ပြောင်း လဲမှုများကို ကျော်လွှားနိုင်ရန်၊ ငွေကြေး မပြည့်စုံမှုကို  ကုန်သည်လုပ်ငန်းရှင် ဘဏ် စသည့်တို့နှင့် ချိတ်ဆက် ဖြည့် ဆည်းရန်နှင့် ဒေသထွက်ကုန် တိုးတက် ရန် လုပ်ဆောင်သင့်သည့် အပိုင်းကို ကုန်သည်လုပ်ငန်းရှင်များက ပညာပေး စည်းရုံးသင့်သလို တောင်သူ မိရိုးဖလာ ထုတ်လုပ်မှု ပြောင်းလဲ တိုးတက်လာ အောင်ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။‘    ဒါကြောင့်အခြားနိုင်ငံရဲ့ စီးပွား ရေးဝန်းကျင်  Business Envi- ronment  ဟာ လှောင်၍ရောင်းတဲ့ မြန်မာ့စီးပွားရေးဝန်းကျင်နှင့် ကွဲပြားနေ တာတွေ့ရပါတယ်။ဒါပေမယ့် ယခုအခါ ဆန်စပါးအထူးပြုကုမ္ပဏီများ၊ ပဲအထူး ပြုကုမ္ပဏီများဟာ တောင်သူလယ်သ မားများကို သွင်းအားစုပေးပြီးဆန်စပါး အရေအတွက်နဲ့ အရည်အသွေး တိုးမြှင့် ပြောင်းလဲထုတ်လုပ်ခြင်း၊ တောင်သူ လယ်သမား၊  နယ်ကုန်သည်ပွဲစားနှင့် ကုမ္ပဏီလုပ်ငန်းရှင်တို့  Supply Chain Mechanism  ခေါ်ဆောင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေရာများစွာ အောင်မြင် လျက် ရှိနေပြီ ဖြစ်ပါတယ်။တောင်သူလယ်သမားနှင့် ကုန်သည် လုပ်ငန်းရှင်တို့အပြန်အလှန် ယုံကြည်မှု ရရှိပြီး ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပါ တယ်။လက်တွေ့ လုပ်ဆောင်ရမယ့် လုပ် ငန်းစဉ်    ကုန်စည်ဒိုင်များအနေဖြင့် လက် တွေ့ လုပ်ဆောင်ရမယ့်  လုပ်ငန်းစဉ် များ ကတော့ ဈေးကွက်ပေါက်ဈေးဖြင့် လက်ငင်းဝယ်ယူခြင်းနှင့် ဈေးနှုန်းကို အပြည်ပြည်ဆိုင်ရာဈေး၊ ပြည်တွင်းဈေး နှင့် လယ်သမားအခြေခံထုတ်လုပ်မှု စရိတ် အပေါ် မူတည်၍ သတ်မှတ်ခြင်း ကိုဆောင်ရွက်ခြင်း၊ ကုန်စည်ဒိုင်များ အကြား  ဆက်သွယ်မှု  ကွန်ရက် (Communication Network) တည် ဆောက်စေခြင်း၊ ကမ္ဘာ့ဈေးနှုန်းနှင့် ဈေးကွက် အခြေအနေပြောင်း လဲမှုများ အချိန်မီ လယ်သမားများသိစေခြင်း၊ အရည်သွေး စံချိန်စံညွှန်းများအရ ဈေး သတ်မှတ်ခြင်း၊လိုင်စင်ရအရည်အသွေး စစ်ဆေးသူများ ခန့်ထားပြီး သိုလှောင် နိုင်သော  လယ်ယာကုန်စည်များကို ကုန်စည်ဒိုင်များရှိ   warehousing များ၌ သိုလှောင်စေခြင်းနှင့် သိုလှောင် လက်မှတ် အသုံးပြု၍ ဘဏ်ချေးငွေ ရရှိစေရန်ဆောင်ရွက်ခြင်း၊ နယ်ကုန် စည်ဒိုင်များမှတဆင့် ရန်ကုန်၊ မန္တလေး ကုန်စည်ဒိုင်ကြီးများသို့  တိုက်ရိုက် ဆက်သွယ်ကာ  ရောင်းချနိုင်သော အခြေအနေ  ပေါ်ပေါက်လာစေရန် လုပ်ဆောင်ခြင်းဖြင့် အပိုကုန်ကျ စရိတ် များလျော့နည်းခြင်း၊ ဈေးနှိမ်မခံရခြင်း၊ ဈေးဆစ်အားကောင်းခြင်းနှင့် လက်ရှိ ပြည်ပကုန်သွယ်မှု၌  ဖြစ်ပေါ်နေသော အရည်အသွေးမမှန်ကန်မှုပြဿနာများ လျော့နဲစေနိုင်ခြင်းနှင့် Regular Supplier ပုံမှန်ရောင်းချသူဖြစ်နိုင်ခြင်း တို့ကို လုပ်ဆောင်သွားဖို့ လိုအပ်ပါ တယ်။ ကုန်စည်ဒိုင်များ  အချင်းချင်း ဆက်သွယ်မှုကို Online စနစ်ဖြင့် အစားထိုးပြီး ပြည်တွင်း၊ ပြည်ပဈေးနှုန်း များ ထုတ်ပြန်သွားရမှာ ဖြစ်ပါတယ်။ ‘ဒါမှသာ တစ်ပြည်လုံး ဖြန့်ကြက်ထား သည့် သတင်းပြန်ကြားရေး ကွန်ရက် (Information Network)ပေါ် ပေါက်လာပြီး ၎င်းင်းမှတစ်ဆင့် ကဏ္ဍ တစ်ခုချင်း၏ ထုတ်လုပ်မှု၊ စားသုံးမှု၊ အပိုအလို၊ ဈေးကွက်၊ ဈေးနှုန်း၊ နည်း ပညာဆိုင်ရာသတင်းများ၊သဘာဝဘေး အန္တရာယ်နှင့် ရာသီဥတုသတင်းများ ကြိုတင်သိစေခြင်းနှင့် ကာကွယ်မှုများ တည်ဆောက်ခြင်းများ ဆောင်ရွက်သွား နိုင်မှာ ဖြစ်ပါတယ်။‘    ဒီနေ့ ဒီအချိန်ခါမှာ ဈေးကွက်စီး ပွားရေးစနစ်နဲ့အညီ အစိုးရမှကုန်ထုတ် လုပ်မှုလုပ်ငန်းအများစု (Privatization)  လုပ်ပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နေတဲ့ ကာလဖြစ် ပါတယ်။ ဒါကြောင့် တောင်သူများရဲ့  ထုတ်လုပ်မှုများ တိုးတက်မြှင့်တင်နိုင် အောင် ကုန်သည်လုပ်ငန်းရှင်များက ပူး ပေါင်းပံ့ပိုးကူညီနည်းပညာပေးမြှင့်တင် ဆောင်ရွက်သွားရန် အထူးလိုအပ်ပြီး ထွက်ရှိလာသည့် ကုန်စည်များကို အရောင်းအဝယ်မှန်ကန်တိုးတက် ဖွံ့ဖြိုး အောင်ကုန်သည်များ စုပေါင်းပါဝင်ဖွဲ့ စည်းထားတဲ့ ကုန်စည်ဒိုင်များက ဖော် ဆောင်ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။သတ္တမအကြိမ်မြောက် လက်ကား ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် များ၁။    တစ်ပြည်လုံးရှိ ကုန်စည်ဒိုင်များ တွင် လယ်ယာထွက်ကုန်သီးနှံများ အား လုံး၏ အချိန်အတွယ်အား ကီလိုဂရမ် (Kg)  စနစ်ဖြင့်ပြောင်း လဲနိုင်ရေးအတွက် ပြည်သူလူထု အတွင်း  ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ဆောင်ရွက်ရန်နှင့် မူဆယ်၁၀၅ မိုင်ဇုန်မှ (Kg)စနစ် ဖြင့် ဈေးနှုန်းများ ထုတ်ပြန်ပေးရန် အဆိုပါဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်  အားသာချက် အားနည်းချက်များအား  အဋ္ဌမ အကြိမ်မြောက် လက်ကားကုန် စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင်  ကုန် စည်ဒိုင်အလိုက် တင်ပြသွားရန်။၂။    ကုန်စည်ဒိုင်များနှင့်  အထူးပြု ကုမ္ပဏီများ ပူးပေါင်း၍ ဈေးကွက် ဝင် အရည်အသွေးကောင်းသည့် မျိုး ကောင်းမျိုးသန့်များ ထုတ် လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအထူး အလေးထား ဆောင်ရွက်သွားရန် နှင့်ဆောင်ရွက်နိုင်မှု အခြေအနေ များအပေါ် (UMFCCI) ၏ သီး ခြားဖွဲ့စည်းထားရှိသည့် အဖွဲ့ဖြင့် တစ်လတစ်ကြိမ် စာရင်းကောက် ယူပြုစုပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြသွားရန်။၃။    ကုန်စည်ဒိုင်ဖွဲ့စည်းပြီးသည့်  မြို့ နယ်ဒေသများ၌ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်  မပြုလုပ်ဘဲ ပြင်ပတွင်သာ  ရောင်းဝယ်နေမှု များနှင့် ပတ်သက်၍ မိမိဒေသရှိ ကုန်သည်၊ ပွဲစားများအား စည်းရုံး ဆောင်ရွက်သွားရန်။၄။    ကုန်စည်ဒိုင်အလိုက်  မိမိအသင်း သားများအား သင်တန်းများပို့ချ ပေးနိုင်မှု၊ တောင်သူများသို့ အသိ ပညာပေးဖြန့်ဝေမှုများ  ဆောင် ရွက်နိုင်မှုများအပေါ် အားသာ ချက်၊ အားနည်းချက်များအား တစ်လလျှင်တစ်ကြိမ်(UMFCCI)  သို့ တင်ပြပေးရန်၊ နယ်အသီးသီး တွင် Export, Import  လုပ်ငန်း များ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင် သည့် လုပ်ငန်းရှင်များ ပေါ်ပေါက် လာစေရေးနှင့်စီးပွားရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏   အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချနေသည့် ရက်တိုသင် တန်းများ   မိမိဒေသအလိုက် ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း အကောင်အထည်ဖော် ဆောင် ရွက်ရန်နှင့် တိုးတက်မှုများ တင်ပြ ရန်။၅။    အရောင်းအဝယ်ပြုလုပ်လျက်ရှိ သည့် သီးနှံကုန်ပစ္စည်းများအပေါ် မလျော်ကန်သည့် အကျိုးအမြတ် ရရှိလိုမှုဖြင့် ဘေးထွက်ပစ္စည်းများ ရောနှောပြီး ကုန်ပစ္စည်းအရည် အသွေးကို ထိခိုက်စေသည့်လုပ် ရပ်များမဖြစ်ပေါ်စေရေး အတွက် သက်ဆိုင်ရာဒေသအာဏာပိုင်များ ဌာနဆိုင်ရာများဖြင့်  ပူးပေါင်း တင်ပြ ဆောင်ရွက်သွားရန်။၆။    ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စသည့် အဓိကလယ်ယာထွက်ကုန်သီးနှံများ၏ စီးဝင်မှု၊ စီးထွက်မှု အခြေအနေ များ၊ အရောင်းအဝယ်ဖြစ်မှုအခြေ အနေများနှင့် ပတ်သက်၍ ကုန် စည်ဒိုင်အလိုက် Monitoring  စဉ်ဆက်မပြတ် ဆက်လက်ပြု လုပ်သွားရန်နှင့် စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးသက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်မန်နေဂျာရုံး များမှလည်းပူးပေါင်းကူညီဆောင် ရွက်ပေးရန်။၇။    ဆန်စပါးနှင့်ပဲမျိုးစုံအဓိကထွက် ရှိသော တိုင်းဒေသကြီး/ပြည် နယ်များရှိ မြို့နယ်များတွင် ဆန် စပါး/ပဲမျိုးစုံ အထူးပြုကုမ္ပဏီများ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် ဦး ဆောင်ကုမ္ပဏီအဖြစ် ဆောင်ရွက် နိုင်သည့် ကုမ္ပဏီများ စည်းရုံးရှာ ဖွေခြင်းနှင့် အထူးပြုကုမ္ပဏီ ဖွဲ့ စည်းသင့်သည့် မြို့နယ်များရွေး ချယ်ခြင်းကို(့UMFCCI)၊ မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းတို့မှ အစီအစဉ် များချမှတ်ဆောင်ရွက်ပေးသွားရန်။၈။    ကုန်စည်ဒိုင်အားလုံး ဖက်စ်တပ် ဆင်၍ အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်ရန်နှင့် Networkစနစ် ဖြင့် Information  Network  ထူထောင်လုပ်ကိုင်ရန်ဖြစ်၍ ကုန် စည်ဒိုင်များ အားလုံးတွင် ကွန်ပျူ တာနှင့် အင်တာနက်သုံးစွဲမှု အပါ အဝင်သတင်း အချက်အလက် စုဆောင်းခြင်း၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားရန်နှင့် အဋ္ဌမ အကြိမ်မြောက်အလုပ်ရုံဆွေးနွေး ပွဲတွင်တိုးတက်မှုများ တင်ပြသွား ကြရန်။၉။    ကုန်စည်ဒိုင်များတွင် ကြိုရောင်း ကြိုဝယ်ပြုလုပ်ခြင်းဖြင့် မလိုလား အပ်သော ပြဿနာများ ဖြစ်ပေါ် နေခြင်းကြောင့် မိမိကုန်စည်ဒိုင် အလိုက် စနစ်တကျ ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်သွားရန်။၁၀။    ကုန်စည်ဒိုင်များတွင်  Quality Control  နှင့်  Quantity Control များ စနစ်တကျ ပြုလုပ် နိုင်ရေးအတွက် အရည်အသွေး သတ်မှတ်ချက်များ အလေးချိန် သတ်မှတ်ချက်များအတိုင်း  ဝယ် ယူရောင်းချနိုင်ရေး  ကြပ်မတ် ဆောင် ရွက်ရန်။၁၁။    အာဆီယံ စံချိန်စံညွှန်း သတ်မှတ် ချက်အရယာဉ်အစီးရေ ပိုမိုသုံးစွဲရ ခြင်း၊ လမ်းတံတားကြေး ကောက် ခံသည့် ဂိတ်များ၌ ချိန်တွယ်ရာ တွင် အချိန်ပိုမို ကြန့်ကြာခြင်းများ ဖြစ်ပေါ်နေသည့်  အတွက် ယင်း ကိစ္စအပေါ် သက်ဆိုင်ရာ ဌာန များ၊ အသင်းအဖွဲ့များ ဂိတ်များ နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်။၁၂။    ပထမအကြိမ်မှ သတ္တမအကြိမ် အထိ ကျင်းပပြီးစီးခဲ့သော ကုန် စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှ ဆုံဖြတ် ချက်များအနက် ဆောင်ရွက်ရန် ကျန်သည့် အချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် တိုးတက်မှုများအား အဌမအကြိမ် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက် ရေးအလုပ်ရုံဆွေးနွေးပွဲသို့ မပျက် မကွက်တင်ပြရန်။၁၃။    အဋ္ဌမအကြိမ် လက်ကားကုန်စည် ဒိုင်များဖွံ့ဖြိုးတိုးတက်ရေး အလုပ် ရုံဆွေးနွေးပွဲကို (မွန်) ပြည်နယ် (မော်လမြိုင်) မြို့တွင် ကျင်းပ ပြု လုပ်သွားရန်။