ရေလွှမ်းမိုးသည့်တိုင် ကမ္ဘောဒီးယားက ဆန်တင်ပို့နိုင်ဦးမည်
ယခုနှစ် ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တဲ့တိုင် နိုင်ငံအတွင်း ဆန်များစွာကျန်ရှိနေတယ်လို့ ကမ္ဘောဒီးယား ဆန်စက် လုပ်ငန်းရှင်များက ဆိုပါတယ်။ မိုးရွာသွန်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို ဆန်အလုံအလောက် တင်ပို့ နိုင်လိမ့်မယ် လို့လည်း ဆိုပါတယ်။ သြဂုတ်လမှ အောက်တိုဘာလအထိ ရေနစ်မြုပ်မှုဖြစ်ခဲ့ပေမယ့် အချို့စပါးစိုက်တဲ့ အဓိကပြည်နယ်များ အတွင်း သီးနှံပျက်စီးမှုမရှိခဲ့ဘူးလို့ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Phou Phuy က ဆိုပါတယ်။ ဒီနှစ်ဆန် တင်ပို့မှုဟာ မနှစ်ကထက်ပင် ပိုနိုင်တယ်လို့လည်း ဆိုပါတယ်။ စပါးတန်ချိန် ၃ သန်းခန့် ဗီယက်နမ်နဲ့ထိုင်းကို တင်ပို့နိုင်လိမ် မယ့်လို့လည်း မျှော်လင့်ကြောင်း ၎င်းင်းက ဆိုပါတယ်။ ယခုအချိန်ထိ ဟက်တာ ၃၆၀၀၀၀ ရိတ်သိမ်းပြီးသွားပြီလို့ အစိုးရစာရင်း များအရ သိရပါတယ်။ ဒီပမာဏ ဟာ နှစ်စဉ် စိုက်ပျိုးမှုရဲ့ ၁၆ ရာခိုင်နှုန်းခန့်သာရှိခဲ့ပါတယ်။ ဆန်ဈေးကလည်း တစ်တန် ကန်ဒေါ်လာ ၃၄၇ မှ ၃၉၇ ကိုမြင့်တက်ခဲ့တယ်လို့ Phou Phuy က ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆန်တန်ချိန် တစ်သန်းတင်ပို့ဖို့ ဝန်ကြီးချုပ်မှ ပြောကြားပါတယ်။ ဘက်ကမ်ဘမ်း ပြည်နယ်မှ ဆန်စက် အသင်းခေါင်းဆောင် Seng Bun Sour က ပြောကြားရာမှာလည်း ရေနစ်မြုပ်မှုကြောင့် အချို့သီးနှံများ ပျက်စီးခဲ့ရပေမယ့် ယခုရာသီဆန်တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ဆန်များကို လည်း ပြည်ပနိုင်ငံ တွေကို တစ်တန်ကန်ဒေါ်လာ ၁၀၀၀ ဝန်းကျင်နဲ့ ရောင်းချရဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီဆန်များလည်း မနှစ်ကထက် ပိုတင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ Takeo ပြည်နယ် တောင်သူလယ်သမားများအသင်းခေါင်းဆောင် Oun Sophal ကလည်း ရေလွှမ်းမိုးလို့ စပါး အထွက်မလျော့ဘဲ မိုးရွာသွန်းလို့ အကျိုးရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ တောင်သူတွေရိတ်သိမ်းဆဲဖြစ်လို့ ထွက်ရှိမှု ပမာဏ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။လမင်း၊ Source: VOA
