ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာ တန်ချိန် ၄၅၀၀ ခန့်သာ တင်ပို့မှုရှိလို့ ယခင် သီတင်းပတ် တင်ပို့ခဲ့တဲ့ တန် ၅၀၀၀ ထက် လျော့ကျခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နိုဝင်ဘာလ တစ်လလုံးတင်ပို့မှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိပြီး အောက် တိုဘာလအတွင်းမှာ တန်ချိန် ၄ သောင်းကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂၃၀၀၀ ကျော်တင်ပို့လို့ ယခုနှစ် နိုဝင်ဘာလမှာ ပမာဏအနည်းငယ် လျော့ကျခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၀-၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့အထိ စုစုပေါင်း မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၄၆၇၀၀၀ ကျော်ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၃၂၆၀၀၀ ကျော်ထက် တန်တစ်သိန်းကျော် ပိုမိုတင်ပြီးထား ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ် အခြေအနေအရ လာမယ့် သီတင်း ပတ်မှာလည်း ပုံမှန်တင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။MIRT(MAPT)
Background