Main menu

Background

ပဲစင်းငုံတင်ပို့မှု ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့

Mon, 12/12/2011 - 06:57 -- Anonymous (not verified)

    ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျလာပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန် ၆၃၀၀ ကျော်ကို အနည်း ငယ်လျော့ကျတင်ပို့ခဲ့ပါတယ်။ ၂၀၁၁ နိုဝင်ဘာလအတွင်း ပဲစင်းငုံ တန်ချိန် ၃၀၅၀၀ ခန့် တင်ပို့မှုရှိရာ အောက်တိုဘာလတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၂၀၀ ကျော်ထက်  ၁ ဆခန့်ပိုမိုတင်ပို့နိုင်သလို ၂၀၁၀ နိုဝင်ဘာလ တင်ပို့ခဲ့တဲ့တန်ချိန် ၄၃၀၀ ခန့်ထက် လည်း ပိုမိုခဲ့တယ်လို့ သိရပါတယ်။    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း တင်ပို့မှုကိုလေ့လာကြည့်ရင် ဒီဇင်ဘာလ ၂ ရက်နေ့အထိ စုစုပေါင်း တန်ချိန် ၁၆၈၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်  ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၆၉၀၀၀ ကျော်ထက် တန်ချိန် တစ်သိန်းနီးပါး ပိုမိုတင်ပို့ထားတာ တွေ့ရပါတယ်။ လတ်တလောအရောင်းအဝယ်ဖြစ်မှုအရ လာ မယ့် သီတင်းပတ်တွေမှာသင်္ဘောတင်တိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။MIRT(MAPT)