ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံ နေ့စဉ်အရောင်းအဝယ်ဖြစ်နေလို့ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက် အတွင်းတန်ချိန် ၉၂၀၀ ကျော်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက် တချို့ကို ပဲစင်းငုံအသစ် အနည်းငယ်စီဝင်ရောက်လာနေပြီဖြစ်ပြီး အိန္ဒိယဝယ်လက် များ ကလည်း ငုံနီအသစ်ကို ဝယ်ယူလိုကြတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက် တွေမှာ ပဲစင်းငုံ လက်ကျန်လျော့ နေသလို ထွက်ရှိမှုလည်း လျော့ကျနိုင်တဲ့သတင်း များအရ ပဲစင်းငုံအဝယ်လိုက်နိုင်ကြောင်း ကုန်သည်များမှ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ ဒီဇင်ဘာလ ၉ ရက်မှာလည်း ပဲစင်းငုံနီ တစ်တန်ကန်ဒေါ်လာ ၅၄၀-၅၆၀ ၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၄၀-၄၆၀ နဲ့ ငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၃၀-၅၅၀ ရှိကြောင်း သိရပါတယ်။MIRT(MAPT)
Background