Main menu

Background

လက်ကျန်သိုလှောင်မှုနည်းလို့ အိန္ဒိယပဲစင်းငုံ ဈေးအနည်းငယ်တိုး

Mon, 12/12/2011 - 06:59 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပဲခွဲစက်များမှ အဝယ်နည်းပေမဲ့ ပဲစင်းငုံ လက်ကျန်နည်းလာတာကြောင့် ပဲစင်းငုံဈေးအနည်းငယ်တိုးလာပါတယ်။ ဒါပေမဲ့ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှ ဝင်လာမယ့်ပဲစင်းငုံ ပမာဏလျော့နည်း နိုင်ခြင်းက လှောင်လက်များအတွက် လုံလောက်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ဝယ်ယူမှုနည်းနေတဲ့အတွက် နောက်ရက်များမှာ ဈေးသိသိသာသာ မြင့် တက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ် ဒါ့အပြင် မွန်ဘိုင်းမှ ပဲတင်သွင်းသူများက လည်း အစောပိုင်း သိုလှောင်ထားတဲ့ ပဲများကို ဈေးအနိမ့်နဲ့ ရောင်းဝယ် ထားပြီးဖြစ် တယ်လို့ သိရပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်-    ဒေါ်လာ/တန်                ၈-၁၂-၁၁      ၇-၁၂-၁၁      ၆-၁၂-၁၁       ၅-၁၂-၁၁မွန်ဘိုင်း    ၆၁၈-၆၁၉         ၆၁၂             ၆၂၅            ၆၂၅-၆၃၀ဒေလီ         ၆၅၆-၆၆၆      ၆၃၆-၆၆၀     ၆၅၉-၆၆၄      ၆၆၄-၆၇၄ချန်နိုင်း        ၆၁၃-၆၁၈       ၆၂၁            ၆၂၅              ၆၂၅MIRT(MAPT)