မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ပထမပတ်ပဲစင်းငုံနီဈေးကွက်မှာ ပဲသစ်အချို့ဈေး ကွက်ထဲဝင်လာပေမယ့် အရေအတွက်နည်းသလို ဈေးလည်းမငြိမ်ခဲ့ဘဲ ပဲဟောင်းက တော့ အရောင်းသမားရော အဝယ်သမားပါ ခပ်သွက်သွက်ရောင်းဝယ်နေကြတယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ ပခုက္ကူကုန်သည် တွေရဲ့ အဝယ်အော်ဒါရှိတဲ့ မြို့ခံကုန်သည်တွေ ပဲစင်းငုံနီအသစ်လှိုင်လှိုင်မပေါ်မီ ဒီတစ်ပတ်အတွင်းမှာ တစ်တင်း ၁၂၈၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဈေးတွေနဲ့ တစ် ရက်ကို အိတ် ၃၀၀၀ မှ ၄၀၀၀ ကြားနေ့စဉ် အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ ပဲသစ်အနေနဲ့ ဈေးမငြိမ်သေးဘဲ ဒီဇင်ဘာလ ၂ ရက်နေ့က မုံရွာ ကုန်စည်ဒိုင်မှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပေမယ့် ၇ ရက်နေ့မှာတော့ တစ်တင်း ၁၄၅၀၀ ကျပ်ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မိုးဦးက အစော ဆုံးစိုက်ခဲ့ကြတဲ့ သက်နုပဲစင်းငုံနီတွေ မကြာမီဈေးကွက်ထဲ ဝင်လာတော့မှာမို့ လက်ကျန်ပဲဟောင်းသမားတွေ ထုတ်ရောင်းမှု ပိုလာခဲ့တာဖြစ်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
Background