ပါကစ္စတန်နိုင်ငံရဲ့ ပဲမျိုးစုံ တင် သွင်းမှုဟာ ယခုနှစ် အောက်တိုဘာ အတွင်းမှာ ကန်ဒေါ်လာ ၃၇ ဒသမ ၄၀၆ သန်းဖိုးသာရှိလို့ ယခင်ဘဏ္ဍာ နှစ်ကာလတူ တင်သွင်းခဲ့တဲ့ ကန်ဒေါ် လာ ၄၉ ဒသမ ၆၉ သန်းဖိုးနဲ့ယှဉ်ရင် ၂၄ ရာခိုင်နှုန်း သို့မဟုတ် ကန် ဒေါ် လာ ၁၂ ဒသမ ၂၈၄ သန်း လျော့ကျ တင်သွင်းခဲ့ တယ်လို့ တရားဝင်စာရင်း များအရ သိရပါတယ်။ ယခုနှစ် ဇူလိုင်လမှ အောက်တို ဘာ အတွင်း တင်သွင်းမှုမှာ ကန်ဒေါ် လာ ၁၄၇ ဒသမ ၈၁ သန်းဖိုးရှိလို့ ယခင် ဘဏ္ဍာနှစ်ကာလတူ တင်သွင်း ခဲ့တဲ့ ကန်ဒေါ်လာ ၁၄၂ ဒသမ ၂၁၄ သန်းဖိုးနဲ့ယှဉ်ရင် ၄ ရာခိုင်နှုန်း သို့မဟုတ် ကန်ဒေါ်လာ ၅ ဒသမ ၆၅၇ သန်းဖိုး ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ပမာဏအားဖြင့် ဇူလိုင်လမှ အောက်တိုဘာလအတွ င်း တန်ချိန် ၂၃၇၈၀၇ရှိလို့ယခင်ဘဏ္ဍာနှစ်ကာလ တူ တင်သွင်းခဲ့တဲ့တန်ချိန် ၂၄၅၅၂၈ ထက် ၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ ပမာ ဏ အားဖြင့် တန်ချိန် ၇၇၂၁ တန် ပိုမို တင်သွင်းခဲ့ကြောင်း သိရပါတယ်။ယမင်းခင်Source: Pakistan observer
Background