Main menu

Background

ပဲတီစိမ်း တင်ပို့မှု ပုံမှန်သာရှိ

Mon, 12/12/2011 - 07:05 -- Anonymous (not verified)

    ပဲတီစိမ်းပင်လယ်ရေကြောင်း တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန် ၃၀၀၀ ထိတင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်( နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာတော့ တန် ၂၁၀၀ ကျော်နဲ့ ပုံမှန်သာ တင်ပို့မှုရှိခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လ လုံး  တင်ပို့မှုအနေနဲ့ ပဲတီစိမ်း တန် ၈၂၀၀ ကျော်ရှိပြီး အောက်တိုဘာလအတွင်းမှာ တန်ချိန် ၇၁၀၀ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။    လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ဒီဇင်ဘာလ ၂ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၁၅၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာတန်ချိန် ၁၆၃၀၀၀ ကျော်သာ တင်ပို့မှု ရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါ တယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်ပမာဏအတိုင်းသာ တင်ပို့နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။   MIRT(MAPT)