Main menu

Background

အသစ်ဝင်တဲ့ ပဲတီစိမ်းကို FOB အဝယ်ရှိ

Mon, 12/12/2011 - 07:07 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပခုက္ကူ၊ အောင်လံနဲ့ တောင်ငူဘက်က ထွက်တဲ့ ပဲတီစိမ်းများအရောင်းအဝယ်ရှိတယ်လို့သိရပါတယ်။ ဒီဇင်ဘာလ၂ ရက်မှ ၈ ရက်အထိတစ်ပတ်အတွင်း ပဲတီစိမ်းရိုးရိုးနဲ့ ခွဲခြမ်း တန်ချိန် ၂၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။    အိန္ဒိယဈေးကွက်များမှာ အရည်အသွေးနိမ့်ပဲများပြီး အရည်အသွေးကောင်းပဲရရှိနိုင်မှု နည်းတာကြောင့် အရည်အသွေး ကောင်းတဲ့ ပဲတီစိမ်းများကို အဝယ်လိုက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲတိစိမ်း FOB ဈေးအများစု ပြောင်းလဲမှုမရှိဘဲ ဒီဇင်ဘာလ ၉ ရက်မှာလည်း FAQ အညာတစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ ရှိပြီး ရွှေဝါအကြီးမှာ ဒီဇင်ဘာလ ၂ ရက်နေ့က တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ ရှိရာမှ ဒီဇင်ဘာလ ၉ ရက်မှာ ကန်ဒေါ်လာ ၈၄၀-၈၆၀ ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ MIRT(MAPT)