မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်ထိ ကာလအတွင်းကန်ဒေါ်လာ ဝ.၉၁၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၇၀ တန်နဲ့ ကန်ဒေါ်လာ ဝ.၁၀၄ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးခြမ်း ၁၀၈တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၉၂၇ တန်တင်ပို့ခဲ့တာကြောင့် တန် ၂၅၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ပဲတီစိမ်း ဈေးများ ကျဆင်းခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးနှုန်း ကျဆင်းမှု မရှိတာကို တွေ့ရပါတယ်။ ဧပြီလမှ နိုဝင်ဘာလအထိမူဆယ်မှ ပဲတီစိမ်း တင်ပို့နိုင်မှုတန်ချိန် ၁၁၀၀၄၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက တန်ချိန် ၃၂၂၈၄ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီလိုပိုမိုတင်ပို့နိုင်ခြင်းကတော့ ယခုဘဏ္ဍာနှစ်မှာ တရုတ်မှ ပဲတီစိမ်းဝယ်ယူဈေးကျဆင်းပေမယ့်တရုတ်နိုင်ငံမှာ စားသုံးမှုများပြားခြင်းနဲ့နိုင်ငံတော်မှလည်းဇူလိုင် ၁ ရက်မှစပြီး ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြု ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကုန်သယ်ယူခ နှုန်းထားကတော့ ယခင်အပတ်ထက် ပဲတီစိမ်းတစ်ပိသာကို ၆ ကျပ်ခန့်မြင့်တက်သွားကြောင်းသိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၆၁၆၄၁ ၆၉၉၀၆၅ ၃၇၄၂၄ ၅ .၆ ၈၅၂ ၈၅၀ ၂ ၀ .၂၃MIRT(DOBT)
Background