Main menu

Background

ဝင်ရောက်မှုများခြင်းကြောင့် အိန္ဒိယပဲတီစိမ်းဈေး ကျဆင်းဖွယ်ရှိ

Mon, 12/12/2011 - 07:10 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်တချို့ကို ရာဂျက်စသန်ဘက်မှ ပဲတီစိမ်းဝင်ရောက်မှု အိတ်ပေါင်း ၄၇၀၀၀-၄၈၀၀၀ ခန့်ထိ ဝင်ရောက်မှု တိုးတက်လာတာကြောင့် ပဲတီစိမ်းဈေး ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အချို့ဈေးကွက်များကို ဝင်ရောက်လာတဲ့ ပဲတီစိမ်းများမှာ အရည်အသွေးကွာခြားမှု ကြီးမားတာကြောင့် အရည်အသွေးအလိုက် ဈေးနှုန်းပြောင်းလဲပြီး အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲဝင်ရောက်မှု တိုးတက်လာနိုင်တဲ့အပြင် ပဲခွဲစက်များမှ အဝယ်မရှိခြင်းတို့ကြောင့် နောက်ရက် အနည်းငယ်မှာ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ်-     ဒေါ်လာ/ တန်                                      ၈-၁၂-၁၁       ၇-၁၂-၁၁    ၆-၁၂-၁၁         ၅-၁၂-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)    ၇၇၂            ၇၇၇           ၇၉၁-၇၉၅      ၇၈၁-၇၈၆ဒေလီ                             ၄၂၅-၆၅၆       ၄၀၈-၆၃၁    ၄၁၀-၆၃၄      ၃၉၁-၆၀၅အာကိုလာ                      ၆၇၅-၈၁၀        ၆၈၀-၈၁၆         -              ၆၈၃-၈၂၀    MIRT(MAPT)