Main menu

Background

မုံရွာပဲတီစိမ်းဈေးကွက် စိမ်းကြီးစိမ်းသေး အဝင်သွက်လာ

Mon, 12/12/2011 - 07:11 -- Anonymous (not verified)

    ပဲတီစိမ်းဈေးကွက်ဟာ မုံရွာကုန်စည်ဒိုင်မှာ ကာလကြာအရောင်းအဝယ်ပါးခဲ့ရာ ဒီဇင်ဘာပထမပတ်မှာ ပဲတီစိမ်းကြီးအပြင် စိမ်းသေးအသစ်ပါ နယ်စုံကစတင်ဝင်ရောက်လာလို့ ဈေးကွက်သွက်လာတယ်လို့ဆိုပါတယ်။ ပဲတီစိမ်းကို ၁၂ ရာသီစိုက်ပျိုးလို့ ရပေမဲ့ သိပ္ပံမျိုးတွေဖြစ်တာကြောင့် ရာသီဥတုဖောြက်ပန်မှုနဲ့ကြုံရင် ဆေးမျိုးစုံနဲ့ ကာကွယ်ရလို့ ကုန်ကျစရိတ်များတဲ့အတွက် တောင်သူတိုင်းမစိုက်ရဲကြဘူးလို့ဆိုပါတယ်။ ဒီတစ်ပတ် မုံရွာကုန်စည်ဒိုင် ပေါက်ဈေးမှာတော့ စိမ်းကြီးတစ်တင်း ၁၆၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၁၅၀၀၀ ကျပ်မှ ၁၄၅၀၀ ကျပ် အသီးသီးကျဈေးဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်မှာတော့ စိမ်းကြီးတစ်နေ့ အိတ် ၃၀၀ ခန့်နဲ့ စိမ်းသေးတစ်နေ့ အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဝယ်လက် အနေနဲ့ မန္တလေးဝယ်လက်ဖြစ်တယ်လို့ဆိုပါတယ်။ ထွန်းလှိုင်