Main menu

Background

ကုလားပဲတင်ပို့မှုနဲ့ အရောင်းအဝယ် ပမာဏအနည်းငယ်သာရှိ

Mon, 12/12/2011 - 07:13 -- Anonymous (not verified)

    ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုအနေနဲ့ အပတ်စဉ်လျော့နည်းလျက်ရှိရာ ယခုတစ်ပတ် (နိုဝင်ဘာ ၂၈-ဒီဇင်ဘာ ၂) အတွင်းမှာလည်း တန်ချိန် ၁၀၈ တန် သာရှိခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ တန်ချိန် ၃၅၄ သာရှိခဲ့ပြီး အောက်တို ဘာလအတွင်းမှာ တန်ချိန် ၁၉၀၀ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာ နှစ် ၂၀၁၁-၂၀၁၂ အတွင်း ဒီဇင်ဘာလ ၂ ရက်နေ့အထိ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၆၄၇၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၃၉၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ  အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၄၂၀ ကျော် အရောင်းအဝယ် စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း ပြောင်းလဲခြင်း မရှိဘဲ FAQ  တစ်တန် ကန်ဒေါ်လာ ၉၆၀-၉၈၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။MIRT(DOBT)