အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ကုလားပဲဈေးဟာ ကြိုပွိုင့်ဈေး မြင့်တက်မှုနဲ့အတူ လိုက်ပါမြင့်တက်ခဲ့ပါတယ်။ ရာဂျက်စသန်ဈေးကွက်မှ ဝင်ရောက် လာတဲ့ ပဲများကို အမြင့်ဈေးနဲ့ သတ်မှတ်ထား တဲ့အတွက် ဒေလီဈေးကွက်မှာ ရောင်းချသူများ အကျိုးအမြတ်နည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကာဘူလီ ကုလားပဲကတော့ စိုက်ပျိုးမှု တိုးတက်ခြင်းနဲ့ ပြည်တွင်းဝယ်လိုအား နည်းခြင်းတို့ ကြောင့် ဈေးအနည်းငယ် လျော့ကျပါတယ်။ ကုလားပဲရိုးရိုး ဈေးအနည်းငယ်တက် လာနိုင်ပေမဲ့ ကာဘူလီကုလားပဲကတော့ နောက်လမှာ မဟာရပ်ရှတရာက ဝင် ရောက်တော့မှာဖြစ်လို့ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၈-၁၂-၁၁ ၇-၁၂-၁၁ ၆-၁၂-၁၁ ၅-၁၂-၁၁ဒေလီ ၆၁၈-၆၂၇ ၆၂၁ ၆၁၅ ၆၀၅-၆၁၀ကန်ပါ ၆၃၂-၆၃၇ ၆၂၁-၆၂၆ ၆၃၀-၆၃၄ ၆၂၀-၆၂၅အာကိုလာ ၆၉၁ ၆၉၃ ၆၉၃ ၆၈၈MIRT(MAPT)
Background