Main menu

Background

ဒေသတွင်း ဝယ်လက်နဲ့ အရောင်းအဝယ်သွက်တဲ့ ကုလားပဲဈေးကွက်

Mon, 12/12/2011 - 07:17 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ကုလားပဲဈေးကွက်မှာ ပဲအားလုံးနီးပါး အရောင်းအဝယ် ပါးခဲ့တယ်လို့ ဆိုပါတယ်။ V2 ဈေးကွက်မှာတော့ Export  အဝယ်မရှိခဲ့ဘဲ မျိုးပဲအဖြစ်သာ ပိုရောင်း လိုဝယ်ရှိခဲ့ပြီး၊ ဒီတစ်ပတ်အတွင်း တစ်တင်း ၁၇၀၀၀ ကျပ်မှာ ဈေးငြိမ်နေခဲ့ပါတယ်။ 929 ထိုင်ဝမ်နဲ့ ကုလားပဲရိုးရိုးဈေးကွက်မှာ တော့ ဒေသတွင်း ခွဲစက်၊ အမှုန့်ကြိတ်စက်၊ ပဲကြော်ဖိုနဲ့ ပဲလက်လီအတွက် တစ်နေ့ အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်ပေါက်ဈေးအနေနဲ့ ၉၂၉ တစ်တင်း ၁၆၃၀၀ ကျပ်မှ ၁၆၇၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၆၂၀၀ ကျပ်မှ ၁၆၃၀၀ ကျပ်နဲ့ ကုလားပဲရိုးရိုးတစ်တင်း ၁၄၈၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ဈေးအသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ ယခုနှစ် ဆောင်းရာသီ ကုလားပဲစိုက်ပျိုးမှု လေ့လာ တဲ့အခါ အထွက်နှုန်းကောင်းတဲ့ ၉၂၉ ကို အများဆုံး စိုက်ပျိုးပြီး V2 ကတော့ ဒုတိယအများဆုံးစိုက်ပျိုးခဲ့တယ်လို့ ကွင်းဆင်းလေ့လာသိရှိရပါတယ်။ထွန်းလှိုင်