ကုမ္ပဏီများ မှတ်ပုံတင်ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းရည်ရွယ်ချက် များ ကန့်သတ် ထားခဲ့ရာ ရောင်းဝယ်ရေးလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၈ ခုအနက် နှစ်သက်ရာ ၅ ခု၊ ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၁ ခုအနက် နှစ်သက်ရာ ၄ ခု၊ စက်မှု/ထုတ်လုပ်မှု လုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၄ ခု အနက် နှစ်သက်ရာ ၄ ခုကို ရွေးချယ်ဆောင်ရွက်ခွင့် ပြုခဲ့ပါသည်။ ကုမ္ပဏီသက်တမ်းကိုလည်း ၂ နှစ် သတ်မှတ်ခဲ့ရာ ယင်းသက်တမ်းမကုန်မီ နောက်ထပ် သက်တမ်း (၂) နှစ်တိုးမြှင့်ခြင်း အား သက်တမ်းတိုး မှတ်ပုံတင်ကြေးပေးသွင်း၍ လုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့်ရရှိရန် လျောက်ထားခဲ့ရပါသည်။ စီးပွားရေးကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအတွက် အခွင့်အလမ်း များ ပိုမိုရရှိစေ ပြီး မလိုလားအပ်သည့် အခက်အခဲများ ကြုံတွေ့ရခြင်း မရှိစေရေးအတွက် ကုမ္ပဏီမှတ်ပုံတင် ဖွဲ့စည်းတည်ထောင်ရာတွင် လုပ်ငန်းရည်ရွယ်ချက် ရွေးချယ်ရသည့် ကန့်သတ်ချက်များကို နိုင်ငံတော်မှ ဖြေလျော့ပေးလိုက်ကြောင်း၊ ဤသို့ ဖြေလျော့ ပေးသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းရည်ရွယ်ချက် ရွေးချယ်ရန် မလိုတော့ဘဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း၊ ထို့အပြင် ကုမ္ပဏီသက်တမ်းကိုလည်း ၂ နှစ်အစား ၃ နှစ်သို့ တိုးမြှင့်သတ်မှတ် ပေးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
Background