Main menu

Background

ပြည်ထောပတ်ပဲ လက်ကျန်နည်းလာလို့ လက်လီသမားများသာ ရောင်းချနိုင်ခဲ့

Mon, 12/12/2011 - 07:18 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီး(အနောက်)အတွင်း ထောပတ်ပဲ သီးနှံကို လက်ပံတန်း၊ မိုးညို၊ ပန်းတောင်း၊ ရွှေတောင် မြို့နယ် များတွင်သာ စိုက်ပျိုးမှုရှိခဲ့ကြပါတယ်။ ထောပတ်ပဲသီးနှံကို ပဲမျိုးစုံစိုက်ဧကရဲ့ ၂ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုး ပြီး ယခုဆိုရင် စိုက်ဧကအားလုံးနီးပါး စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။ ထောပတ်ပဲ ဈေးနှုန်းမှာ တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ လက်လီ သမားများ အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၂၀ ခန့် ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဈေးကွက် အတွင်း လက်ကားရောင်းဝယ်မှုမရှိတော့ဘဲ ပဲလက်ကျန်နည်း လာ တာကြောင့် လက်လီသမားများသာ ရောင်းချနိုင်ခဲ့ ကြောင်း သိရပါတယ်။ခင်ဆွေဝင်း