Main menu

Background

ရှစ်နှစ်ဆက်တိုက် တရုတ်နိုင်ငံ ကောက်ပဲသီးနှံ ထွက်ရှိမှု မြင့်တက်

Mon, 12/12/2011 - 07:20 -- Anonymous (not verified)

    တရုတ်နိုင်ငံရဲ့ စားနပ်ရိက္ခာ ထုတ် လုပ်မှုဟာ ယခုနှစ်မှာလည်း အမြောက် အမြား စံချိန်တင်ထွက်ရှိမှာ ဖြစ်တဲ့ အတွက် ရှစ်နှစ်ဆက်တိုက် မြင့်တက် ခဲ့ခြင်းဖြစ်တယ်လို့ နိုင်ငံတော် စာရင်း အင်းဗျူရိုမှ ဒီဇင်ဘာ ၂ ရက်မှာ ပြော ကြားခဲ့ပါတယ်။ ယခုလို သီးနှံအမြောက် အမြားထွက်ရှိတဲ့အတွက် ငွေကြေး ဖောင်းပွမှုကို တိုက်ဖျက်နေရတဲ့ အစိုးရ ရဲ့ကြိုးပမ်းမှုကို သက်သာရာရစေနိုင်ပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက် မှု လျော့ကျဖို့ကိုလည်း အကူအညီဖြစ် စေနိုင်တယ်လို့ စိုက်ပျိုးရေး ကျွမ်းကျင် သူများက ဆိုပါတယ်။     ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ ဝယ် လိုအား မြန်ဆန်စွာတိုးတက်နေခြင်းက ထုတ်လုပ်မှုကို   ကျော်လွန်နေတဲ့ အတွက် နိုင်ငံရဲ့တင်သွင်းမှုကို ထိန်း ချုပ်နိုင်ဖွယ်မရှိဘူးလို့လည်း ကျွမ်းကျင် သူတွေက ဆိုပါတယ်။ ယခုနှစ်စားနပ် ရိက္ခာ ထွက်ရှိမှုဟာ ယခင်နှစ်ထက် ၄ ဒသမ ၅ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၅၇၁ သန်းထိ ထွက်ရှိခဲ့ပါတယ်။  ထုတ်လုပ်မှု ပမာဏဟာ အစိုးရရဲ့ ၂၀၂၀ ခုနှစ် သီးနှံထွက်ရှိမှု ရည်မှန်း ချက်ကို ယခုရောက်ရှိခဲ့ပြီးဖြစ်တယ် လို့လည်း ဆိုပါတယ်။     ဆန်၊  ဂျုံနဲ့  ပြောင်း စတဲ့ အဓိက သီးနှံအထွက်နှုန်းဟာ တန်ချိန် ၅၁၀ သန်းထိရှိခဲ့ပါတယ်။ ဆန်ထွက်ရှိမှုဟာ ယခင်နှစ်ထက် ၂ ဒသမ ၆ ရာခိုင် နှုန်းပိုမိုပြီး တန်ချိန်သန်း ၂၀၀ ကိုလည်း ကောင်း၊ ဂျုံထွက်ရှိမှုဟာ ၂ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုပြီး တန်ချိန် ၁၁၈ သန်း ကိုလည်းကောင်း၊ ပြောင်းထွက်ရှိမှုက လည်း ၈ ဒသမ ၂ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ချိန် ၁၉၂ သန်းကိုလည်းကောင်း တိုးထွက်ခဲ့တယ်လို့ တရားဝင်စာရင်း များအရ သိရပါတယ်။     ယခုနှစ်စပိုင်းမှစတင်လို့ အစိုးရ ဟာ ငွေကြေးဖောင်းပွမှု  လျော့ကျဖို့ အစွမ်းကုန်ကြိုးစားခဲ့ရပါတယ်။ ဇူလိုင် လအတွင်း စားသုံးသူညွှန်းကိန်း (ဃဏှု) ဟာ ၃၇ လအတွင်း  အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး၊ ယခင်နှစ်ထက် ၆ ဒသမ ၅ ရာခိုင်နှုန်းပိုမိုခဲ့ပါတယ်။ အောက် တိုဘာလအတွင်းမှာ  ၅ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပြီး နိုဝင်ဘာလ မှာတော့ ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ စားသောက်ကုန်ဈေးနှုန်း များမှာ အထူးသဖြင့်ဝက်သားဈေးဟာ ဈေးနှုန်းဖောင်းပွမှုကို  အဓိကတွန်းပို့ နေတဲ့ စားသောက်ကုန်ဖြစ်ပါတယ်။ တရုတ်မိသားစုများဟာနေ့စဉ်အာဟာရ အတွက်  အသားစားသုံးမှု  ပိုမိုလာခဲ့ ခြင်းက တိရစ္ဆာန်အစာအတွက် ပြောင်း ပိုမိုလိုအပ်လာခဲ့ပါတယ်။      တစ်ချိန်ထဲမှာ စက်မှုလုပ်ငန်း လို အပ်ချက်များမှာလည်း  ကော်မှုန့်နဲ့ အီသနောဝယ်လိုအားလည်း တိုးတက် နေခြင်းက ပြောင်းတင်သွင်းမှုပိုမိုလာဖို့ ဖြစ်နေပါတယ်။ ပြည်တွင်းထုတ်လုပ်မှု မြင့်တက်နေပေမဲ့လည်း  ဝယ်လိုအား မြင့်တက်နေခြင်းနဲ့  တစ်ဆက်တည်း ယခုနှစ် ပြောင်းတင်သွင်းမှု ကြီးထွား နေဖွယ်ရှိတယ်လို့  ဘေဂျင်း Orient Agribusiness Consultant  ကုမ္ပဏီ မှ ဝါရင့်လေ့လာဆန်းစစ်ပညာရှင် Ma Wenfegn  မှ ပြောကြားပါတယ်။     အောက်တိုဘာလအတွင်း Morgam Stanley မှ ထုတ်ပြန်တဲ့ သတင်းအရ တရုတ်နိုင်ငံဟာ ယခင် နှစ်က ပြောင်းတန်ချိန် ၁ ဒသမ ၅၇ သန်း တင်သွင်းခဲ့ရာမှ ယခုနှစ်မှာတန် ချိန် ၄ သန်းအထိ တင်သွင်းရဖွယ်ရှိ တယ်လို့သိရပါတယ်။ ဒါပေမဲ့ Ma  ရဲ့ ခန့်မှန်းချက်အရ ယခုနှစ်ပြောင်းတန် ချိန် ၂ သန်းနဲ့ ၂ ဒသမ ၅ သန်းအတွင်း တင်သွင်းရဖွယ်ရှိတယ်လို့ ဆိုပါတယ်။    ယခုနှစ်  ပထမ ကိုးလအတွင်း ပြောင်း တန်ချိန် ၆၄၅၀၀၀ တင်သွင်းခဲ့ တယ်လို့ တရုတ်နိုင်ငံတော်ကောက်ပဲ သီးနှံနှင့်  ဆီသတင်းအချက်အလက် စင်တာမှ ပြောကြားပါတယ်။ယမင်းခင်Source: China Daily