Main menu

Background

ဝယ်လိုအားနည်းခြင်းက ကနေဒါပဲမျိုးစုံဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်

Mon, 12/12/2011 - 07:23 -- Anonymous (not verified)

    ကနေဒါပဲထုတ်လုပ်မှုဟာ မနှစ်ကနဲ့ယှဉ်ရင် ၂၀၁၁ ခုနှစ်မှာ ပဲလုံးတန်ချိန် တစ်သန်းနီးပါးလျော့နည်းမှာ ဖြစ်ပေမယ့် ဝယ်လိုအားနည်းနေတဲ့အတွက် ဈေးကွက် အတွင်း ဈေးနှုန်းမြင့်တက်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ကနေဒါ စာရင်းအင်းဌာနမှ ဒီဇင်ဘာ ၆ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၁၁-၁၂ ပဲလုံးထုတ်လုပ်မှုဟာ တန်ချိန် ၂ ဒသမ ၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ ယခင်နှစ် ထွက်ရှိခဲ့တဲ့ တန်ချိန် ၃ သန်းအောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။    ပဲရာဇာ အဓိကစိုက်ပျိုးတဲ့ စကက်တက်ချဝန်မှာ ပဲစုစုပေါင်းတန်ချိန် ၁ ဒသမ ၄ သန်းထွက်ရှိလို့ ယခင်နှစ် ထွက်ရှိတဲ့ တန်ချိန် ၁ ဒသမ ၈ သန်းထက် လျော့ကျ တယ်လို့ ဆိုပါတယ်။ ပဲလုံးအထွက်လျော့နည်းခြင်းက ဈေးနှုန်း အလားအလာ ကောင်းနိုင်တယ်လို့ Global  Grain မှ Cam  Laxdal မှ ပြောကြားပါတယ်။ ဒါပေမယ့် မကြာသေးခင်အတွင်းပဲဝယ်လိုအား လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။    ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းက အချို့ကဏ္ဍတွေမှာဝယ်လိုအားကို ကျဆင်းစေခဲ့တဲ့ အဓိကအကြောင်း အရင်းများဖြစ်ပါတယ်။ ကနေဒါပဲရဲ့ အဓိက ဖောက်သည်အိန္ဒိယမှာ ယခုစက်တင်ဘာလအတွင်း ရူပီးတန်ဖိုးက ၁၅ ရာခိုင်နှုန်း ခန့်ကျဆင်းခဲ့တာကလည်း ပဲဝယ်ယူမှုကို ထိခိုက်စေတယ်လို့ Laxdal  မှ ပြောကြား ပါတယ်။ ဒါ့အပြင်တူရကီ၊ သြစတြေးလျနဲ့ အိန္ဒိယတို့မှာ ပဲထွက်ရှိမှုကောင်းတဲ့အခြေ အနေကလည်း ကနေဒါပဲဝယ်ယူမှုကို လျော့ကျစေခဲ့ရာ လက်ရှိဈေးကွက်မှာ ၁၀ နှစ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနည်းဆုံးဘဲဖြစ်တယ်လို့ဆိုပါတယ်။    လာမယ့်ကာလတွေမှာ ဝယ်လိုအားနည်းနေဦးမယ်ဆိုရင် နွေဦးမှာ ပဲလုံးနဲ့ ပဲရာဇာ ၂ မျိုးလုံးစိုက်ဧက လျော့ကျဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကနေဒါ အနောက် ပိုင်းမှာ လက်ရှိပဲစိမ်းလုံး တစ်ဘူရှယ်ကို ကနေဒါဒေါ်လာ ၉ ဒသမ ၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၅၅၀)ရှိပြီး၊ ပဲဝါလုံးက တစ်ဘူရှယ်ကို ကနေဒါဒေါ်လာ ၈ (တစ်တန် ကန်ဒေါ်လာ ၄၇၆)ရှိတယ်လို့ Prairie  Ag  Hatwire စာရင်းအရ သိရပါတယ်။ယမင်းခင်၊ Source: menafn.com