Main menu

Background

ရှမ်းချင်းအဝင်ရှိသလောက် ဝယ်ယူမှုရှိ

Mon, 12/12/2011 - 07:26 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာ ချင်းသစ်ကတော့ အဝင်များနေပါတယ်။ မန္တလေး၊ တောင်ငူ၊ မကွေးစတဲ့ မြို့ကြီးတွေက ချင်းထိုးသမားတွေက ဝယ်ယူနေတာကြောင့် တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို တစ်သောင်း၊ နှစ်သောင်းခန့် ဝင်နေပါတယ်။ အဝင်များလာလို့ ဈေးကလည်း အနည်းငယ်တော့ ပြန်ကျနေပါ တယ်။ ချင်းကလည်း ရင့်နေပြီဖြစ်တာကြောင့် ပွဲရုံတွေကလည်း တောင်သူတွေလာ ရောင်းသလောက် ဝယ်ယူထားကြပါတယ်။ ချင်းဈေးကလည်း မြေအရောင် ပေါ် မူတည်ပြီး ဈေးနှုန်းကလည်းကွဲပြားပါတယ်။ ကလောမြို့နယ်ကထွက်တဲ့ မြေနီချင်း က အကောင်းဆုံးဖြစ်ပြီး၊ တစ်ပိဿာကို ၃၇၀ ကျပ် - ၃၈၀ ကျပ်ဈေးရှိပါတယ်။ ပင်းတယနဲ့ ပင်လောင်းနယ်ဖက်ကဝင်တဲ့ မြေဖြူချင်းတွေက တော့ ရိုးရိုးစက တစ်ပိဿာ ၃၃၀ ကျပ်ရှိပြီး၊ အခက်ကြီးလှရင်တော့ တစ်ပိဿာ ၃၅၀ ကျပ်ဈေး ရှိပါတယ်။ ချင်းသစ် တွေ ဝင်လာတာကြောင့် ချင်းခြောက်တွေက အရောင်းလျော့ လာပြီး ဈေးကတော့ တစ်ပိဿာ ၂၀၀၀ ကျပ်အောက်သာရှိတယ်လို့ အောင်ပန်း ပွဲရုံတွေက သိရပါတယ်။                                           ဧဧခိုင်