ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၂၇ ၇က်မှ ဒီဇင်ဘာ ၃ ၇က်ကာလအတွင်း နနွင်း ၂၉ဒသမ ၆၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၁၉တန်ကျော် တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ် မှာ ယခင်တစ်ပတ် တင်ပို့တန်ချိန် ထက် ၁၀ တန် ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အက်ဖ်အိုဘီဈေး တစ် တန်ကို ကန်ဒေါ်လာ ၁၅၀၀ နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းကျော် ရရှိခဲ့ ပါတယ်။ နိုဝင်ဘာလရဲ့ နနွင်းတင်ပို့မှုစုစုပေါင်း မှာ ၈၈ ဒသမ ၄ တန် ဖြစ်ခဲ့ပြီး အောက်တိုဘာလမှာ ၂၇ တန် သာတင်ပို့ နိုင်ခဲ့တာကြောင့် နိုဝင်ဘာလမှာ တန် ၆၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၀ နိုဝင် ဘာလရဲ့ နနွင်းတင်ပို့မှုမှာ ၁၂၃ တန်ကျော်ရှိ ခဲ့တာကြောင့် ၂၀၁၁ နိုဝင်ဘာလမှာ နနွင်းတင်ပို့မှုက ယခင်နှစ်တင်ပို့မှုထက် တန်ချိန် ၃၀ ကျော် လျော့နည်းပြီး တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။MIRT(DOT)
Background