Main menu

Background

နနွင်းသစ်များ အဝယ်နှေးနေ

Mon, 12/12/2011 - 07:29 -- Anonymous (not verified)

    ရှမ်းပြည်နယ်တောင်ပိုင်မှာလည်း နနွင်းပေါ်တဲ့အချိန်ဖြစ်တာကြောင့် နနွင်းတွေလည်း စပြီးဖော်နေပါပြီ။စပြီးပေါ်တဲ့ နနွင်းကတော့ ပင်းတယနယ်တောင်ပို့လနဲ့ ဆင်တောင်နနွင်းတွေဖြစ်ပါတယ်။ အသစ်တွေဝင်လာပေမယ့် ဝယ်လက်က မရှိ သေးပါဘူး။ တောင်သူတွေကလည်း ရောင်းချင်တာကြောင့် ဈေးကွက်ကို ရှာနေပါတယ်။ ဒီတစ်နှစ် က အစိုအတိုင်းဝယ်မယ့်သူ မရှိဘူးဖြစ်နေပါတယ်။ တောင်သူတွေကလည်းဖော်ပြီး လောလောဆယ်တော့ ပြန်ပြုတ်ဖို့ မလုပ်ကြသေးပါဘူး။ နွေရာသီ လောက်မှသာ ပြန်ပြုတ်ပြီး အခြောက်လှမ်းမယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အသစ်ဝင်လာတဲ့ နနွင်းဈေးကတော့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၅၀၀ ကျပ် ဈေးသာရှိပြီး၊ နဝလီနနွင်းတွေကတော့ ၈၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ်ကြား ဈေးသာရှိတယ်လို့ သိရပါတယ်။    ဧဧခိုင်