Main menu

Background

အိန္ဒိယနနွင်း ထွက်ရှိမှုကောင်းမယ့် အလားအလာကြောင့် ဈေးကျဆင်းနိုင်

Mon, 12/12/2011 - 07:29 -- Anonymous (not verified)

    အိန္ဒိယနနွင်း လက်ငင်းဈေးကွက်များမှာ စပ်မျိုးနနွင်းလက်ချောင်းကို ဝယ်လိုအားရှိလာလို့ တစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ် လာ ၅၈)ခန့် မြင့်တက်ခဲ့ပါတယ်။ဒါပေမယ့်စပ်မျိုးနနွင်းဥကိုတော့ အဝယ်မရှိလို့ တစ်တန် ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၂၉)လျော့ ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝယ်လက်များ ဝယ်ယူမှုမှာ အကန့်အသတ်သာရှိတာကြောင့် ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။    ယခင်နှစ် နိုဝင်ဘာလကုန်ပိုင်းမှာ နနွင်း ၂ မျိုးလုံး ဈေးမြင့်တက်ခဲ့တဲ့အတွက် နနွင်းတောင်သူများဟာ ယခုနှစ်လည်း မြင့်တက်မယ်လို့ မျှော်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နနွင်းဈေးမြင့်တက်ဖွယ်မရှိဘူးလို့ အချို့က ခန့်မှန်းကြပါတယ်။ ယခုနှစ် နနွင်းထွက်ရှိမှုမှ ပိုမိုမယ့်အလားအလာများအရ ဝယ်လိုအားရှိနိုင်ပေမယ့် ဈေးများများ မတက်နိုင်ဘူးလို့ ခန့်မှန်းခြင်း ဖြစ်ပါတယ်။    လှောင်လက်များမှ လာမယ့်ရက်များမှာ ဈေးတက်မယ်မှန်းပြီး၊လက်ကျန်များကိုင်ထားဆဲဖြစ်ပြီး၊ အချို့ဈေးကွက်ကို ယူလာ တဲ့ နနွင်းများမှာလည်း ၃၀-၃၅ ရာခိုင်နှုန်းခန့်သာ ရောင်းချရတယ်လို့ သိရပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ မိုးရွာသွန်းမှု ကောင်းနေတဲ့အတွက် နနွင်းစိုက်ပျိုးမှု နည်းနေတယ်လို့ သိရပါတယ်။    အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၃၂၁၆၀-၄၃၀၉၀ (ကန်ဒေါ်လာ ၆၂၅-၈၃၇) ရှိပြီး၊ နနွင်းဥဈေးမှာ ရူပီး ၃၁၀၉၀-၄၂၈၉၀ (ကန်ဒေါ်လာ ၆၀၄-၈၃၃)ဈေးရှိကြောင်း သိရပါတယ်။ယမင်းခင်၊Source: hindubusinessline