Main menu

Background

အိန္ဒိယကြက်သွန်နီ လက်ကားဈေးနှုန်းများ ကျဆင်း

Mon, 12/12/2011 - 07:31 -- Anonymous (not verified)

    ပြီးခဲ့တဲ့ရက်သတ္တပတ်က လယ်ယာထုတ်ကုန်ဈေးကွက်တစ်ခုဖြစ်တဲ့ Maharashtra ပြည်နယ်မှာ ကြက်သွန် နီသိုလှောင် ထားမှုနဲ့ ကြက်သွန်နီအသစ်ဝင်ရောက်မှုကြောင့် ကြက်သွန်နီဈေးနှုန်းတွေ တစ်ကီလိုဂရမ်ကို ၂ ရူပီး ကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။      လွန်ခဲ့တဲ့ရက်သတ္တပတ်က ကြက်သွန်နီပို့ကုန်အနိမ့်ဆုံးဈေးနှုန်း  minimum export price (MEP) သတ်မှတ်ချက်ကို တစ်တန်မှာ ကန်ဒေါ်လာ ၂၅၀ ကိုလျော့ချပေးလိုက်ခဲ့ပေမဲ့လည်း ကြက်သွန်နီဈေးနှုန်းမှာ ကျဆင်းလျက် ရှိတယ်။    အိန္ဒိယအစိုးရက ယခုနှစ်မှာ ကြက်သွန်နီတင်ပို့မှုကို အားမပေးချင်တာကြောင့် အလွန်မြင့်မားတဲ့  MEP  ဈေးနှုန်းကို သတ်မှတ်ခဲ့တယ်။ဒါကြောင့်လယ်သမားတွေမှာကြက်သွန်နီသိုလှောင်ထားမှုပိုလျှံနေခဲ့တယ်။သိုလှောင်ထားမှုကြောင့် ကြက်သွန်နီ အရည်အသွေးတွေကျဆင်းခဲ့ရာ လယ်သမားတွေက ဈေးလျော့ရောင်းကြရတယ်။ လယ်သမားများစွာရဲ့ သိုလှောင်ထားတဲ့ ကြက် သွန်နီ တစ်ဝက်မှာ ပုပ်သိုးပျက်စီးဆုံးရှုံးကုန်တယ်။    ကြက်သွန်နီပို့ကုန်အနိမ့်ဆုံးကို လျှော့ချသတ်မှတ်လိုက်ပေမဲ့လည်း ကြက်သွန်နီ ဈေးနှုန်းတွေမှာ ကျဆင်းလျက်ရှိတာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ကြက်သွန်နီဈေးနှုန်းတွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ် လျက်ရှိတယ်။ ဒီဇင်ဘာလ တတိယပတ်မှာ ကြက်သွန်နီဈေးနှုန်းတွေ နောက်ထပ်ကျဆင်းသွာပါက ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရှိရေးအတွက်   MEP  ဈေးနှုန်းကို ချက် ချင်း လျော့ချပေးဖို့ လိုအပ်ကြောင်း သတင်းရရှိပါတယ်။   အေးမွန်မွန်လှိုင်Source: economictimes.indiatimes.com