Main menu

Background

အီရန်နှင့် ဥရောပနိုင်ငံများအကြား တင်းမာမှုကြောင့် ရေနံစိမ်းဈေးနှုန်းများ အမြင့်တန်းတွင်သာ ရှိနေမည်

Mon, 12/12/2011 - 08:07 -- Anonymous (not verified)

    ကမ္ဘာမှာ ဒုတိယမြောက်  ရေနံ ထုတ်လုပ်မှုအများဆုံး အီရန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား  ပဋိပက္ခ ကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ ရေနံရောင်းလိုအားကို စိုးရိမ်ဖွယ်ဖြစ် လာစေရာ ဒီဇင်ဘာလဆန်းပိုင်းမှာ ရေနံစိမ်း ကြိုပွိုင့်အရောင်းဈေးနှုန်းတွေ မြင့်မားလာပါတယ်။ နယူးယောက်ကုန် စည်ရောင်းဝယ်ရေးမှာ  ဇန်နဝါရီလ အရောက်ပို့ရမယ့် ရေနံက တစ်စည်ကို ၁၀၀ ဒသမ ၁၉ ဒေါ်လာနဲ့ ဒီဇင်ဘာ ၂ ရက် စင်ကာပူစံတော်ချိန် နေ့ခင်း ၁း၅၅ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့ ပြီး  ရေနံစိမ်း  ကြိုပွိုင့်ဈေးနှုန်းတွေက နိုဝင်ဘာလအတွင်းကလည်း ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်မားခဲ့ပြီးဖြစ်ပါတယ်။လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာလည်း ဇန် နဝါရီလ  ငွေချေရမယ့်  ဘရန့်အမျိုး အစား ရေနံစိမ်းကလည်း တစ်စည်ကို ၁၀၉ ဒသမ ၄၅ ဒေါ်လာနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ ဒီဇင် ဘာ ၁ရက်မှာ ဗြိတိန်အစိုးရက လန်ဒန် ရှိ  အီရန်သံရုံးကိုပိတ်ဖို့ အမိန့်ပေးခဲ့ တယ် လို့သိရတယ်။  အီရန်နိုင်ငံ တီဟီ ရန်မြို့ရှိ ဗြိတိသျှသံအဖွဲ့ နေထိုင်ရာ အဆောက်အအုံကို ဆူပူသောင်းကျန်း သူ လူအုပ်က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်အစိုးရက  ယခုလို အမိန့်ပေး လိုက်တယ်လို့ သိရပါတယ်။ ဥရောပ အစိုးရတွေကလည်း အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို  ပိုမိုတင်း ကျပ်စွာ ဆောင်ရွက်ခဲ့တယ်လိ့ု သိရပါ တယ်။ဒါကြောင့် တိုကျိုအခြေစိုက် စီးပွား ရေးအကျိုးဆောင်လုပ်ငန်း Ken Hasegawa  မှကုန်စည်အရောင်း မန်နေဂျာ ုနည ံေျနါတေေ က  "လောလော ဆယ် ကမ္ဘာ့စီးပွားရေး အခြေအနေက နှစ်စပိုင်းကထက် ပိုဆိုးလာသော်လည်း အီရန်နဲ့ ဥရောပနိုင်ငံတွေအကြား တင်း မာမှုက  ရေနံစိမ်းဈေးနှုန်းတွေ အမြင့် တန်းတွင်သာရှိနေမယ်" လိ့ု ခန့်မှန်း ထားပါတယ်။ Source:Bloomberg.comပပ