Main menu

Background

ရာသီအလိုက် ဈေးအပြောင်းအလဲဖြစ်နေတဲ့ ဓာတ်မြေသြဇာဈေးကွက်

Mon, 12/12/2011 - 08:03 -- Anonymous (not verified)

ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့မှ မြေသြဇာမျိုးစုံဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၀၃၂ ဒသမ ၅၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းလေးသောင်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းနဲ့ အခြားဓါတ်မြေသြဇာ တန်ချိန် ၈၂၀၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်တန်ချိန် ၅၁၂ ဒသမ ၅၀ တန်၊ တရုတ်နိုင်ငံမှ စူပါဖော့စဖိတ် တန်ချိန် ၇၀၀ နဲ့ ပြင်သစ်မှ တန်ချိန် သုည ဒသမ ၀၆ အသီးသီး  မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်အဝင်တန်ချိန် တစ်ထောင့်ကိုးရာကျော်ရှိခဲ့တာ တွေ့ရပါ တယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် နိုဝင်ဘာလရဲ့ ဓါတ်မြေသြဇာအဝင် စုစုပေါင်း မှာ တန်ချိန် ၆၄၃၄ ရှိခဲ့ပြီး အောက်တိုဘာလရဲ့ ဓါတ်မြေသြဇာအဝင်မှာ တန်ချိန် ၃၀၄၁ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ တန်ချိန် သုံးထောင်ကျော်ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT)ဒီတစ်ပတ် နယ်စပ်ဓာတ်မြေသြဇာအဝင် တန် ၁၇၀၀၀ နီးပါးရှိနယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်စခန်းတွေကနေ နိုဝင် ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလအတွင်း ဓာတ်မြေသြဇာ ၁၆၉၇၁ တန်၊  တန်ဖိုးကန်ဒေါ်လာ ၀ ဒသမ ၇၁၇ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်က ၁၅၃၃၇ တန် တင်သွင်းခဲ့တာကြောင့် ၁၆၀၀ တန်ကျော် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေကတော့ မူဆယ်မှ ၁၆၆၃၉ တန်၊ ကော့သောင်းမှ ၁၇၃ တန်၊ ရိဒ်မှ ပိုတက်ရှ်ဓာတ်မြေသြဇာ ၂၇ တန်နဲ့ ပုလဲ ဓာတ်မြေသြဇာ တန် ၁၃၀ တို့ဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ် မြေသြဇာတွေကတော့ အမိုးနီးယမ်နိုက်ထရိတ်၊ ကွန်ပေါင်း၊ နိုက်ထရစ်ဖော့စဖိတ်၊ စင်ဂယ်စူပါဖော့စဖိတ်၊ ယူရီးယားနဲ့ အမိုနီယမ်ဆာလဖိတ် အမျိုးအစားများဖြစ်တယ် လို့ သိရပါတယ်။ MIRT (DOBT)ရာသီအလိုက် ဈေးအပြောင်းအလဲဖြစ်နေတဲ့ ဓာတ်မြေသြဇာဈေးကွက်တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက ရာသီအလိုက်ဈေးနှုန်း အပြောင်း အလဲရှိကြောင်း သိရပါတယ်။ မိုးရာသီမှာ ယူရီးယားပုလဲဓာတ်မြေသြဇာ အသုံးများ ပြီး ယခုလိုဆောင်းရာသီမှာတော့ တီစူပါကို အသုံးများလို့ ယခင်တစ်ပတ်နဲ့စာရင် တစ်အိတ်ကို ၆၀၀ ကျပ်ခန့် ဈေးမြင့်လာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ ဒီအချိန်က ကြက်သွန်ဖြူ စိုက်ပျိုးစအချိန်ဖြစ်လို့ အပင်စ စိုက်တဲ့အချိန်မှာ တီစူပါကို အသုံးပြုများတာကြောင့် အရောင်းအဝယ်ဖြစ်မှုလဲ များ လာတယ်လို့ သိရပါတယ်။ ဈေးကတော့ တစ်အိတ်ကို ကျပ် ၃၅၀၀၀ နဲ့ အရောင်း ရှိတဲ့ တီစူပါက ဒီတစ်ပတ်မှာ ၃၆၀၀၀ ဈေးရှိနေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ယခင်အပတ်နဲ့စာရင် ယူရီးယား၊ တီစူပါနဲ့ ကွန်ပေါင်း ဓာတ်မြေသြဇာများက ဈေးကျလာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏလည်း လျော့ နည်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ တရုတ်ယွမ်ငွေဈေးကလည်း ကျဆင်း နေတာကြောင့် ယခုလိုဈေးတွေကျလာရတယ်လို့ ဓာတ်မြေသြဇာအရောင်းဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးက ဆိုပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်နေတဲ့ ဈေး တွေကတော့ ယူရီးယားတစ်အိတ်ကို ၁၉၅၀၀ ကျပ်၊ တီစူပါတစ်အိတ်ကို ၂၄၅၀၀ ကျပ်နဲ့ ကွန်ပေါင်းတစ်အိတ်ကို ၂၅၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက ပစ္စည်းပြတ်ရင် ဈေးတက်သလို ပစ္စည်းအဝင်များရင် ဈေးကျတတ်ကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာ အမှာနည်း လို့ ယူရီးယားနဲ့ ပိုတက်ရှ်က ဈေးကွက်မှာ ယခင်အပတ်နဲ့စာရင် အကျဘက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဝယ်လက်တွေက နွေစပါးကို ဒီဇင်ဘာအထိ ပိုတက်ရှ်ကိုပဲ သုံးမှာဖြစ်တာကြောင့် ယခုလိုဈေးတွေကျလာရတာလို့ သိရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်တဲ့ဈေးတွေက ယူရီးယား (နေရွက်လှေ) တစ်အိတ်ကို ၂၀၈၀၀ ကျပ်၊ ပိုတက်က တစ်အိတ်ကို ၂၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။