ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေ ဆက်တိုက်ဝင်ဒီသီတင်းပတ်မှာလည်း ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေများ ဆက်တိုက်ဝင်နေ ပါတယ်။ ဒီတစ်ပတ်မှာ သြကညအငေည ဘိလပ်မြေနဲ့ အခြားတံဆိပ်ဘိလပ်မြေများ တန်ချိန် ၁၈၀၈၅ ဒသမ ၁၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ငါးသိန်း ကျော်ဖိုးကို တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနှစ်သောင်း ကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ တန်ချိန် နှစ်သောင်းနီးပါးသာအဝင်ရှိ ခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် နိုဝင်ဘာလရဲ့ ဘိလပ်မြေအဝင် စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းကျော်ရှိခဲ့ပါတယ်။ တစ်ပတ်ကို ပျမ်းမျှတန်ချိန် လေးသောင်းတင် သွင်းနိုင်ခဲ့ပါတယ်။ အောက်တိုဘာလရဲ့ ဘိလပ်မြေအဝင်မှာ တန်ချိန် ငါးသောင်း ကျော်သာရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ ဘိလပ်မြေအဝင် အားကောင်းစွာနဲ့ အောက်တိုဘာလအဝင်တန်ချိန်ထက်၃ဆလောက်ပိုမို တင်သွင်းနိုင်တာ တွေ့ရ ပါတယ်။MIRT (DOT)ဒီတစ်ပတ် နယ်စပ်မှ ဘိလပ်မြေအဝင် ၃၀၀၀နီးပါးရှိနိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၆ ရက်ထိကာလအတွင်း မူဆယ်၊ တာချီလိတ်နဲ့ ကန်ပိုက်တီး စခန်းများမှ ဘိလပ်မြေ ၂၈၅၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၃၂၂ သန်းဖိုး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် တန် ၆၀၀ ကျော်ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ မူဆယ်မှ ၉၃၆ တန်၊ တာချီလိတ်မှ ၁၀၆၈ တန်နဲ့ ကန်ပိုက်တီးမှ တန် ၈၂၀ တို့ တင်သွင်းခဲ့တာ ဖြစ်ပါ တယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားတွေကတော့ ငှက်တံဆိပ်နဲ့ ွှဏှု တံဆိပ်များဖြစ်တယ်လို့ သိရပါတယ်။MIRT (DOBT)ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်မန္တလေးဈေးကွက်မှာ ပြည်တွင်းဖြစ်ဘိလပ်မြေများအနေနဲ့ ဈေးနှုန်း ပြောင်း လဲမှုမရှိသော်လည်း ပြည်ပမှတင်သွင်းသည့် ဆင်တံဆိပ်(ထိုင်း) မှာ ယခင်တစ် ပတ် တစ်အိတ်ကို ကျပ် ၅၇၀၀ နဲ့ စိန်တံဆိပ်ဘိလပ်မြေ တစ်အိတ်ကို ကျပ် ၅၆၀၀ ပေါက်ဈေး အသီးသီးရှိသော်လည်း ဒီတစ်ပတ်ရောင်းဝယ်မှုအနေနဲ့ ထိုင်း ဘိလပ်မြေများမှာ တစ်အိတ်ကို အမျိုးအစားအလိုက် ၁၀၀ ကျပ်ခန့်ဈေးမြင့်တက် နေကြောင်း သိရပါတယ်။ အရောင်းအဝယ်ကောင်းမှု ဘိလပ်မြေအဝင်နည်းပါးခြင်း ကြောင့် မဟုတ်ဘဲ သယ်ယူစရိတ်ပြောင်းလဲမှုကြောင့် ဈေးအနည်းငယ်ပြောင်းလဲ ရခြင်းဖြစ်ကြောင်း သိရပါတယ်။ပဲခူးဈေးကွက်မှာတော့ ဘိလပ်မြေ ဝယ်အားနည်းနေလို့ အရောင်းအဝယ် လည်း အေးနေပါတယ်။ ဘိလပ်မြေဈေးတွေကလည်း ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း ဆင်(ထိုင်း) တစ်အိတ် ၅၄၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်နဲ့ ကြံ့ (မြိုင်ကလေး) ကျပ် ၄၂၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ဘိလပ်မြေဈေးက ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ပစ္စည်းကဈေးကွက်ကို အဝင်ပုံမှန်ရှိပေမဲ့ အမှာနည်းလို့ ယခုလို ဈေးတွေငြိမ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိဈေးကွက်မှာ ရောင်းနေတဲ့ ဘိလပ်မြေဈေးက ဆင်တံဆိပ် တစ်အိတ်ကို ၄၆၅၀ ကျပ်၊ စိန် တံဆိပ်က ၄၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
Background