Main menu

Background

နို့ဆီအဝင် ပုံမှန်ရှိပြီး နို့စိမ်းအဝင်အေးလာ

Mon, 12/12/2011 - 08:32 -- Anonymous (not verified)

နို့ဆီအဝင် ပုံမှန်ရှိပြီး  နို့စိမ်းအဝင်အေးလာ    ပင်လယ်ရေကြောင်းလမ်းမှ ပြည် တွင်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်တာကာလအတွင်း နို့ဆီ ၁၃၁ ဒသမ ၁၅ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ တစ်သိန်းသုံးသောင်းကျော် ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် တန်ချိန် နှစ်ရာ့သုံးဆယ်ကျော်ဝင် ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တန်ချိန် တစ်ရာ့ သုံးဆယ်ကျော်သာ ဝင်ခဲ့တာကြောင့် ဒီသီတင်းပတ်  နို့ဆီအဝင် တန်ချိန် တစ်ရာနီးပါး  လျော့နည်းခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ပါ ဘူး။လချုပ်အနေနဲ့ နိုဝင်ဘာလရဲ့ နို့ဆီ အဝင်တန်ချိန် စုစုပေါင်းမှာ တစ်ထောင့် တစ်ရာကျော်ရှိခဲ့ပြီး အောက်တိုဘာလ ရဲ့ နို့ဆီအဝင်မှာ တန်ချိန် နှစ်ထောင် ကျော်ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ အောက်တိုဘာလထက် အဝင်တန်ချိန် တစ်ဝက်နီးပါး  လျော့နည်းခဲ့ပါတယ်။ နို့စိမ်းက နိုဝင်ဘာလမှာ တန်ချိန် ငါးရာ့ ရှစ်ဆယ်ကျော်ရှိခဲ့ပြီး အောက်တိုဘာ လမှာ ငါးရာ့နှစ်ဆယ်ကျော် ရှိခဲ့တာ ကြောင့် နို့စိမ်းက နိုဝင်ဘာလမှာ တန် ချိန် ၆၀လောက်ပိုမိုတင်သွင်းခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတို့မှ တင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့တန်ချိန်က ၁၄၅ ဒသမ ၈၁ တန်ဖြစ်ပါတယ်။ ယခင် တစ်ပတ်ထက် ၁၀ တန်လောက်လျော့ နည်းပြီး တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာ လရဲ့ စုစုပေါင်း နို့မှုန့်တင်သွင်းမှု တန် ချိန်က ၅၆၆ တန်ရှိခဲ့ပြီး အောက်တို ဘာလရဲ့ တင်သွင်းမှုက တန် ၅၀၀ သာ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ တန်ချိန် ၆၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOT)န.ယ်စပ် နို့စိမ်းအသွင်းပိုယခုတစ်ပတ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလအတွင်း ကော့သောင်းစခန်းမှ နို့ဆီ ၁၅ ဒသမ ၁၆၈ တန် (၈၀၀ တာ)၊ တန်ဖိုး ကန် ဒေါ်လာ ၁၄၂၀၀ နဲ့ နို့စိမ်း ၁၃၄ ဒသမ ၆၁၆ တန် (၇၁၀၀ တာ) တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၁၂၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ထက် နို့ဆီ ၃၈ ဒသမ ၄၉ တန် တင်သွင်းမှု လျော့နည်းခဲ့ပေမယ့် နို့စိမ်း ၃၀ ဒသမ ၃၃၆ တန် ပိုမိုတင်သွင်းခဲ့တာ တွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာတော့ မူဆယ် နယ်စပ်ကနေ နို့မှုန့်တင်သွင်းမှု မရှိ ကြောင်း သိရပါတယ်။  MIRT (DOBT)