Main menu

Background

ရာသီဥတုနဲ့ အခြားကုန်စည်ဈေးနှုန်းများအရ စားအုန်းဆီဈေးနှုန်း မြင့်တက်

Mon, 12/12/2011 - 08:34 -- Anonymous (not verified)

    ရာသီဥတုအပြောင်းအလဲများအရ ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်နိုင်ငံမှ ထွက်ရှိမှုလျော့နည်းမှုအပေါ် စိုးရိမ်မှုများနဲ့ အခြားကုန်စည်ဈေးနှုန်းအခြေအနေများ အရ ဒီဇင်ဘာ ၇ ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းဈေးအမြင့်နဲ့ ပိတ်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာကျင်းပတဲ့ အီးယူထိပ်သီးညီလာခံမှာ ဥရောပ ကြွေးမြီ အကျပ်အတည်းကိုဖြေရှင်းဖို့ ဥရောပခေါင်းဆောင်များ ရန်ပုံငွေတိုးမြှင့်ဖို့ သဘောတူနိုင်တဲ့ အလားအလာများ အရ ရင်းနှီးမြှုပ်နှံသူများမှ တိုးတက်လာခဲ့တယ် လို့ သိရပါတယ်။    ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလစာချုပ် အခြေခံစံနှုန်းဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တစ်တန်ကို ရင်းဂစ် ၃၁၁၉  (ကန်ဒေါ်လာ ၉၉၉)ဈေးဖြစ်ခဲ့ပါတယ်။တရုတ်ဝယ်လက်များမှ စိတ်ဝင်စားမှုအချို့ ရှိလာတဲ့အတွက် မကြာသေးခင်က ဈေးကျဆင်းပြီးနောက် ပြန်လည်မြင့်တက်လာခြင်းဖြစ်တယ်လို့ စင်ကာပူအခြေစိုက်  ကုန်သည်တစ်ဦးကဆိုပါတယ်။  ဇန်နဝါရီလမှာကျင်းပမယ့် နှစ်သစ်ကူးပွဲတော်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဖို့ တရုတ်ဝယ်လက်များ နောက်ရက်အနည်းငယ်အတွင်း ဝယ်ယူလာဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။     ဒီဇင်ဘာ ဒုတိယလဝက်အတွက် စားအုန်းဆီအထွက်ကျဆင်းဖွယ်ရှိပြီး၊ ပြည်ပ တင်ပို့ဖို့ ဟင်းချက်ဆီရရှိနိုင်မှု အကန့်အသတ်သာရှိတဲ့အတွက် ယခုသီတင်းပတ် ကုန်ထိ တစ်တန်ရင်းဂစ် ၃၁၅၀ (ကန်ဒေါ်လာ ၁၀၀၉) ထိ မြင့်တက်နိုင်တယ်လို့ ကွာလာလမ်ပူရှိ ကုန်သည်တစ်ဦးကဆိုပါတယ်။ ကုန်သည်များနှင့် စိုက်ပျိုးသူများ ပြောကြားချက်အရအပင်များမှာ ရာသီအရထုတ်လုပ်မှုနည်းတဲ့ကာလဖြစ်လို့ နိုဝင် ဘာလအတွင်း စားအုန်းဆီကြမ်းထွက်ရှိမှုဟာ ၁၅ ရာခိုင်နှုန်း-၁၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။    ဒါကြောင့် နိုဝင်ဘာလကုန်လက်ကျန်ဟာ အောက်တိုဘာလလက်ကျန် ပမာဏ တန်ချိန် ၂ ဒသမ ၁ သန်းထက်လျော့ပြီး၊ တန်ချိန် ၂ သန်းသာရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ မလေးရှား FOB ဈေးဟာ ဇန်နဝါရီ၊ ဖေဖော် ဝါရီ၊ မတ်လအတွက် သန့်စင်ပြီးစားအုန်းဆီဈေး တစ်တန်ကန်ဒေါ်လာ ၁၀၉၀ ရှိပြီး၊ ဧပြီ၊ မေ၊ ဇွန်လအတွက် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၀၅၀-၁၀၅၅ ဈေးရှိခဲ့ပါ တယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ ရင်းဂစ် ၃၀ ပိုမိုပြီး၊ တစ်တန်ရင်းဂစ် ၃၁၃၀ (ကန်ဒေါ်လာ ၁၀၀၂ )ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ယုဇန၊ Source: Plamoilhq.com