ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ် ပမာဏလိုပဲ ယခု တစ်ပတ် (နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာလည်း တန် ၇၀၀ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ဖြစ်ပြီး ဂျပန်ကို တန် ၃၀၀ ကျော်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ နှမ်းတန်ချိန် ၃၃၀၀ ကျော်တင်ပို့ခဲ့ပြီး အောက်တို ဘာလအတွင်းမှာတော့ တန်ချိန် ၆၀၀၀ ကျော်ထိ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ဒီဇင်ဘာလ ၂ ရက်နေ့အထိ စုစုပေါင်း တင်ပို့ပြီး စီးပြီးမှုအနေဲ့ တန်ချိန် ၇၈၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၀၉ သန်းကျော်ရရှိကာ ယခင်ဘဏ္ဍာနှစ် ကာလတူမှာတော့ တန်ချိန် ၅၈၀၀ ခန့်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၈၀ သန်းကျော်ဖိုး ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက် FOB ဈေးများအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန် ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး မှာ ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀ ၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀ ၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)
Background