Main menu

Background

နှမ်းတင်ပို့မှု အရောင်စုံ

Mon, 12/12/2011 - 08:38 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန် ဒေါ်လာ ၃ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၂၆၃ တန်ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိကာလအတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်တင်ပို့မှုတန် ၂၀၀ ခန့် လျော့နည်း ခဲ့ပါတယ်။ နှမ်းအရောင်အလိုက်တင်ပို့ မှုတွေကတော့ နှမ်းဖြူ ၈၃၅ တန်၊ နှမ်းနက် ၁၁၂၂ တန်၊ နှမ်းဖြူ (အခွံချွတ်) ၂၀၅ တန်၊ နှမ်းညို ၇၁ တန်နဲ့ နှမ်းနီ တန် ၃၀ တို့ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ နှမ်းမျိုးစုံတင်ပို့မှုတန်ချိန် ၅၅၁၃၃ တန်ရှိပြီး ယခင်နှစ်ကာလတူ ထက် ၁၇၈၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုလိုနှမ်းပိုမိုတင်ပို့နိုင်ခြင်းကတော့ နိုင်ငံတော်မှ ပို့ကုန်အပေါ် အခွန်ကောက်ခံ မှုလျော့ချပေးတာအပြင် ယခုဘဏ္ဍာနှစ်မှာ တရုတ်နိုင်ငံရဲ့ ပွဲတော်ရာသီကျရောက် ခါနီးဖြစ်တာကြောင့် မုန့်လုပ်ရာတွင် အသုံးပြုသော နှမ်းဝယ်လိုအားရှိသောကာလ ဖြစ်တာလည်းပါဝင်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအားရှိသော ကာလဖြစ်တာ ကြောင့် အမြတ်နည်းနည်းနဲ့ အရေအတွက် များများရောင်းချနေရကြောင်းတွေ့ရှိ ရပါတယ်။ သယ်ယူစရိတ်နှုန်းထားကတော့ နှမ်းတစ်ပိသာကို ၆ ကျပ်ခန့် မြင့်တက် သွားတာတွေ့ရပါတယ်။ နှစ်ဖြူ၊ နှမ်းနက်၊ နှမ်းနီနဲ့ နှမ်းညိုဈေးနှုန်းတွေ မိမိဘက် ဈေးကျဆင်းပြီး တဖက်နိုင်ငံဈေး မြင့်တက်သွားတာ တွေ့ရပါတယ်။                                       မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု           ယခင်       ေ ပြာင်းလဲမှု   %         ယခု        ယခင်  ပြောင်းလဲမှု     %နှမ်းဖြူ       ၈၃၆၇၅၄     ၉၀၂၉၆၁       ၆၆၂၀၇     ၇ .၉       ၁၃၂၆      ၁၂၉၄     ၃၂             ၂ .၄နှမ်းနက်    ၁၁၅၁၁၆၄    ၁၂၂၅၈၅၄    ၇၁၄၂၁     ၆ .၂       ၁၅၄၇      ၁၅၃၁      ၁၆            ၁ .၀၃နှမ်းညို      ၈၄၀၂၈၃      ၈၅၁၈၀၈       ၁၁၅၂၅    ၁ .၃၇      ၁၀၇၄      ၁၀၇၁      ၃             ၀ .၂၈နှမ်းနီ       ၈၅၂၆၄၅        ၈၆၄၃၃၉       ၁၁၆၉၄    ၁ .၃၇     ၁၀၉၀       ၁၀၈၇     ၃             ၀ .၂၈MIRT(DOBT)