Main menu

Background

ကမ္ဘာ့မြောက်ဘက်ခြမ်းမှာသီးနှံအထွက် လျော့လို့ ပဲပုပ်ဈေးနှုန်း မြင့်တက်နိုင်

Mon, 12/12/2011 - 08:40 -- Anonymous (not verified)

    ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ သီးနှံ အထွက်လျော့ခြင်းက တောင်အမေရိ ကမှ  ရောင်းချမှုကို အပြိုင်ဝယ်လာ နိုင်တဲ့အတွက် ပဲပုပ်ဈေးနှုန်းမြင့်တက် လာနိုင်တယ်လို့  Oil World  မှ ခန့်မှန်း ပြောကြားပါတယ်။ ယခုရာသီအတွင်း ကမ္ဘာ့မြောက်ဖက်ခြမ်းမှ ပဲပုပ် ထုတ် လုပ်မှုတန်ချိန် ၇ သန်းခန့်ကျဆင်းပြီး၊ ဘရာဇီးသီးနှံလည်း ရာသီဥတု ခြောက် သွေ့ပြီး၊ ပုံမှန်အပူချိန်ထက် ပိုမိုပူပြင်း တာကြောင့် သီးနှံ ပျက်စီးနိုင်တယ်လို့ ဟမ်းဘက်အခြေစိုက် Oil World မှ လေ့လာဆန်းစစ်သူတစ်ဦးကဆိုပါတယ်။    ကမ္ဘာ့ပဲပုပ်ထွက်ရှိမှုဟာ ၂၀၁၁-၂၀၁၂ မှာ တန်ချိန်၂၅၈ ဒသမ ၉ သန်း ကို ၂ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနမှ ခန့်မှန်း ထားပါတယ်။ တောင်အမေရိက ပဲပုပ် ထုတ်လုပ်မှုတိုးတက်မှုအပေါ် ကမ္ဘာ့ ထွက်ရှိမှု မူတည်နေတယ်လို့ဆိုပါတယ်။ ဘရာဇီးတောင်ပိုင်းမှာ ပုံမှန်မိုးရေချိန် အောက်ရှိပြီး၊ ပုံမှန်အပူချိန် အထက်မှာ ရှိခြင်းနဲ့ပတ်သက်လို့ စိုးရိမ်မှုများက ပဲပုပ်ဈေးနှုန်းကို မြင့်တက်စေနိုင်ပါ တယ်။    ဒီဇင်ဘာ ၅ ရက်အထိ ယခုနှစ် အတွင်း ပဲပုပ်ဈေးနှုန်း ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့သိရပါတယ်။ အမေရိ ကန်နဲ့ ဘရာဇီးတို့ဟာ အကြီးဆုံးပဲပုပ် ထုတ်လုပ်သူ၊ တင်ပို့သူများဖြစ်ပါတယ်။ ဇန်နဝါရီမှ အောက်တိုဘာလအတွင်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့  ထိုင်းနိုင်ငံတို့ရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ် ကာလတူနဲ့ယှဉ်ရင် ၅ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၄၆ ဒသမ ၆ သန်းရှိတယ်လို့ Oil World စာရင်းအရသိရပါတယ်။ တရုတ်နိုင်ငံ က ၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျပြီး  တန်ချိန် ၄၁ ဒသမ ၅ သန်းနဲ့ ဂျပန် နိုင်ငံကလည်း ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၂ ဒသမ ၄၂ သန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်၊Source: John Deane