Main menu

Background

ပဲတီစိမ်းကို တရုတ်က အောက်ဈေးနဲ့ အဝယ်ရှိနေ

Mon, 12/12/2011 - 08:42 -- Anonymous (not verified)

ပဲတီစိမ်း(အညာ)    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ          ယခင်      ယခု    ပြောင်းလဲမှု     ၁      မုံရွာ                ၁ ပိဿာ          ၈၄၂     ၇၈၉                          ၂      မန္တလေး            ၁ ပိဿာ       ၁၀၁၃     ၈၈၉    ၃      ပြည်                 ၁ ပိဿာ        ၇၅၀       ၇၇၅        ၄      မကွေး              ၁ ပိဿာ        ၇၆၀       ၇၆၅        ၅      အောင်လံ          ၁ ပိဿာ        ၉၀၀        ၈၅၀          ပဲတီစိမ်းကို တရုတ်က အောက်ဈေးနဲ့ အဝယ်ရှိနေ    မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည် အသွေးကောင်းရင် အမြင့်ဈေးနဲ့ ပေးဝယ်သလိုအရည်အသွေးညံ့ပါ က အောက်ဈေးနဲ့ အဝယ်ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၈၈၉ ကျပ် (တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန္တလေး ဈေးကွက်သို့ စစ်ကိုင်း၊ မတ္တရာနဲ့ ကျောက်ဆည်ဘက်မှ ပဲတီစိမ်းရွှေ ဝါတွေကလည်း အဝင်ပုံမှန်ရှိနေသလို တရုတ်ဝယ်လက်ကလည်း အ ရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် တစ်ပိဿာ ကို ၉၂၄ ကျပ်(တစ်တန်ကို ၅၆၅၈၄၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းသေးတွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီး တစ်ပိဿာကို ၇၈၉ ကျပ်(တစ်တန်ကို ၄၈၃၁၇၅ ကျပ်)နဲ့ ဈေးဖွင့်အရောင်းရှိပေမယ့် ဈေးကွက်သို့ ပစ္စည်း အဝင်နည်းတာကြောင့် အရောင်းအဝယ်ဖြစ်မှုလည်း နည်းနေတယ်  လို့သိရပါတယ်။ ပဲတီစိမ်းကြီးကတော့ မန္တလေးဝယ်လက်က အရည် အသွေးအလိုက် ဝယ်အားအသင့်အတင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ မန္တလေးဝယ်လက်က တစ်ပိဿာကို ၇၆၅ ကျပ် (တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀ မှ ၂၀၀ ကြား ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ရန်ကုန်အဆွဲ ပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်း များတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိ ဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ ပြည်ဈေးကွက်မှာ နယ်စုံမှ ပုံမှန်ဝင်ရောက်မှုရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အဝင်ရှိသလောက် အဆွဲပုံမှန်ရှိခဲ့တယ် လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆၀၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။