ကုလားပဲဖြူလုံးကြီး စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၁၁၀၀ ၁၀၅၀ ၂ မန္တလေး ၁ ပိဿာ ၉၂၆ ၈၇၃ ၃ မုံရွာ ၁ ပိဿာ ၈၉၅ ၈၉၅ ၄ မြင်းခြံ ၁ ပိဿာ ၈၂၅ ၈၀၀ ကုလားပဲဖြူလုံးကြီး ဈေးဆင်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်းနည်းလာ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ပစ္စည်းအဝင် နည်းလာပြီလို့သိရပါတယ်။ အရင်အပတ်တွေက အိတ်စပို့အဆွဲပုံမှန် ရှိတာရယ် ၊ ခွဲစက်တွေဝယ်အားပုံမှန်ရှိတာရယ် မျိုးအတွက် ပြန်လည် ဝယ်ယူမည့်သူများ ဝယ်အားရှိတာကြောင့် ဈေးမြင့်တက်ခဲ့တဲ့ ကုလား ပဲဖြူလုံးကြီးက ဒီတစ်ပတ်မှာတော့ အိတ်စပို့အဆွဲအေးတာရယ်၊ ခွဲ စက်တွေကလည်း ဝယ်အားပျော့သွားတာရယ်ကြောင့် ဈေးကအ ကျဘက်သို့ ဦးတည်နေတာတွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၃ ကျပ် (တစ်တန်ကို ၅၃၄၆၁၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၈၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲအေးပြီး ပဲခွဲစက်တစ်ချို့နဲ့ မျိုးအတွက် ပြန်လည်ဝယ်ယူမည့်သူများက တစ်ပိဿာ ၈၉၅ ကျပ် (တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာအဝယ်ရှိခဲ့ ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး ပစ္စည်းလက်ကျန် နည်းလာတာကြောင့် လှောင်လက်အချို့ ထုတ် ရောင်းတာနည်းပါတယ်။ အိတ်စပို့အတွက် ရန်ကုန်အဆွဲပြန်လိုက် လာရင်တော့ အရောင်းအဝယ် ဖြစ်လာမှာပါ။ အခုတော့ ဈေးသာ ရှိပြီး အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ မြို့ခံခွဲစက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။
Background