Main menu

Background

နှမ်းဖြူနဲ့ သိပ္ပံနှမ်း ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ

Mon, 12/12/2011 - 08:50 -- Anonymous (not verified)

သိပ္ပံနှမ်း    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်      ယခု    ပြောင်းလဲမှု     ၁       အောင်လံ       ၁ ပိဿာ        ၁၉၁၅     ၁၈၂၃ နှမ်းဖြူနဲ့ သိပ္ပံနှမ်း ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ    မန္တလေးဈေးကွက်သို့ ကျောက်ဆည်၊  စဉ့်ကိုင်၊ မြစ်သား၊ ပုသိမ်ကြီးနဲ့ ပခုက္ကူဘက်မှ နှမ်းဖြူတွေ ပုံမှန်ဝင်ရောက်နေပေမယ့် တရုတ်ကအရည်အသွေးအပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ်(တစ်တန်ကို ၈၇၀၈၁၈ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၆၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူရိုးရိုးစနဲ့ ခြုံကျော်စကို မန္တလေးဝယ် လက်ကပုံမှန်ထက်စာရင် အဆွဲပိုနည်းလာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကကျရိပ်သန်းနေတယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက နှမ်းဖြူရိုးရိုးစ တစ်ပိဿာ ၁၃၀၀ ကျပ် (တစ်တန်ကို ၇၉၆၁၀၇ ကျပ်)၊ ခြုံကျော်စတစ်ပိဿာ ၁၄၃၅ ကျပ် (တစ်တန်ကို ၈၇၈၇၇၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာတော့ နှမ်းဖြူကို နှမ်းလှော်လက်များက တစ်ပိဿာကို ၁၃၃၅ ကျပ်(တစ်တန်ကို ၈၁၇၅၄၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်အဝယ်ခပ်ပါးပါးရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက အကျဘက်မှာရှိနေတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ယခင်တစ်ပတ်က တစ်ပိဿာ ၁၉၁၅ ကျပ်(တစ်တန်ကို ၁၁၇၂၇၂၆ ကျပ်)နဲ့ ရန်ကုန်ဝယ်လက်က တစ်ရက်ကို အိတ် ၅၀၀ ခန့်အဝယ်ရှိခဲ့ရာက ဒီတစ်ပတ်မှာတော့ ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၈၀၀ ကျပ်(တစ်တန်ကို ၁၁၀၂၃၀၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။