Main menu

Background

ပဲစင်းငုံနီကို အိတ်စပို့အဆွဲပုံမှန်ရှိလို့ ဈေးစွာ

Mon, 12/12/2011 - 08:53 -- Anonymous (not verified)

ပဲစင်းငုံနီ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်         ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၁၇၀၀၀    ၄၄၈၀၀၀                ၂    မန္တလေး          ၁ ပိဿာ         ၆၁၇          ၆၆၇         ၃    မုံရွာ               ၁ ပိဿာ         ၆၁၅           ၆၇၀        ၄    ပခုက္ကူ            ၁ ပိဿာ         ၆၂၅           ၆၇၅            ၅    မြင်းခြံ            ၁ ပိဿာ          ၆၀၀           ၆၅၀            ၆    အောင်လံ       ၁ ပိဿာ          ၆၂၅           ၆၇၀            ၇    မကွေး          ၁ ပိဿာ           ၆၃၀           ၆၆၅                   ၈    ပြည်             ၁ ပိဿာ            ၆၃၅           ၆၆၅     ပဲစင်းငုံနီကို အိတ်စပို့အဆွဲပုံမှန်ရှိလို့ ဈေးစွာ    ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ ရန်ဝယ်ယူနေတဲ့ ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၃၆၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၈၀၀၀ ကျပ်အတွင်း တန် ၂၃၉၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှ ပဲစင်းငုံနီသစ်တွေဈေး ကွက်ထဲ စတင်ဝင်ရောက်လာနေပြီး အဖွင့်ဈေးက တစ်ပိဿာ ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ ဈေးဖွင့်ပေမယ့် အဝင်နည်းလို့ အရောင်းအဝယ်မဖြစ်သေးဘူးလို့ သိရပါတယ်။ လက်ရှိအရောင်းအ ဝယ်ဖြစ်တာက ပဲစင်းငုံနီ(ဟောင်း) ဖြစ်ပြီး ရန်ကုန်ဝယ်လက်က တစ် ပိဿာကို ၆၆၇ ကျပ်(တစ်တန်ကို ၄၀၈၄၆၄ ကျပ်)နဲ့ နေ့စဉ်အိတ်  ၁၀၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန် အဆွဲကလည်း ပုံမှန်ရှိတာကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၆၆၅ ကျပ် (တစ်တန်ကို ၄၀၇၂၃၉ ကျပ်)နဲ့ နေ့ စဉ်အိတ် ၂၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ခပ်ပါးပါးဝင်ရောက်နေပေမယ့် ပဲစင်းငုံနီ (ဟောင်း) ကိုသာ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ တစ်ပတ်ကို အိတ် ၇၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။