ထိုင်ဝမ်(ကုလားပဲ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၈၇၁ ၈၆၂ ၂ မကွေး ၁ ပိဿာ ၈၃၅ ၈၂၀ ၃ ပခုက္ကူ ၁ ပိဿာ ၈၄၂ ၈၄၂ ၄ မုံရွာ ၁ ပိဿာ ၇၈၉ ၇၇၉ ၅ အောင်လံ ၁ ပိဿာ ၈၃၀ ၈၂၅ ၆ မြင်းခြံ ၁ ပိဿာ ၈၀၀ ၈၀၀ ၇ ပြည် ၁ ပိဿာ ၈၅၅ ၈၃၅ ၈ ရေစကြို ၁ ပိဿာ ၈၃၀ ၈၂၀ ထိုင်ဝမ်(ကုလားပဲ) ကို ခွဲစက်များဈေးချအဝယ်ရှိ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ပစ္စည်း ဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားအထိုက်အလျောက်ရှိသလို မျိုး အတွက် ပြန်လည်ဝယ်ယူသူများကလည်း ဝယ်အားအနည်းငယ်ရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၆၂ ကျပ် (တစ်တန်ကို ၄၁၇၆၄၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို အိတ်စပို့အတွက်ဝယ် ယူသူများ ဝယ်အားနည်းနေပြီး မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်တို့ ကသာ တစ်ပိဿာ ၇၇၉ ကျပ် (တစ်တန်ကို ၄၇၇၀၅၁ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ် ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲ စက်တွေက တစ်ပိဿာ ၈၂၀ ကျပ်(တစ်တန်ကို ၅၀၂၁၅၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၅၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးကကျရိပ်သန်းနေတယ်လို့ ဆိုပါတယ်။ အောင်လံ ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက ပစ္စည်းဝယ်ယူဖြည့် တင်းတဲ့အနေနဲ့ ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်နည်းတာကြောင့် ဈေးကအကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၂၅ ကျပ် (တစ် တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ဆို ပါတယ်။ ရေစကြိုဈေးကွက်မှာတော့ ကုလားပဲကို ဒေသတွင်းပဲ ခွဲစက်တွေနဲ့ လက်လီသမားများက ဝယ်အားခပ်ပါးပါးရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၂၀ ကျပ် (တစ် တန်ကို ၅၀၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပြည်ဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေက ဈေးလျော့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၂၅၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background