Main menu

Background

တိရစ္ဆာန်ထွက်တင်ပို့မှု ၂ ဆပို

Mon, 12/12/2011 - 09:39 -- Anonymous (not verified)

      နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော် စခန်း တွေက နေ တိရစ္ဆာန်ထွက် ၅၄၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ဒသမ ၁၉၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၅၀ ကျော် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခု အပတ်မှာ ပို့ကုန်အမယ်စုံသလို တင်ပို့တဲ့တန်ချိန်လည်း ပိုမိုခဲ့ တာကြောင့် ဖြစ်ပါတယ်။ စခန်းအလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၂၅၉ တန်၊ အမဲသားခြောက် ၁၇၄ တန်၊ ချင်းရွှေဟော်မှ  အေးခဲအမဲသား ၇၄ တန်၊ အမဲပြုတ် သား ၃၁ တန်၊ နွားအကြော ၂ တန်နဲ့ နွားမျိုးချောင်း ၊ နွား အစာအိမ်နဲ့ နွားမြီး ၁ တန်စီ တင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)