Main menu

Background

ရော်ဘာအပို့ တရိပ်ရိပ်တက်လာ

Mon, 12/12/2011 - 09:41 -- Anonymous (not verified)

    နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၃ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၄၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၄၀၊ စင်ကာပူကို ၁၀၁ တန်နဲ့ မလေးရှားကို တန် ၂၀၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၂၀၀ ကျော်သာ တင်ပို့ခဲ့ပါတယ်။ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းများလည်း အနည်းငယ်ပြန်လည်မြင့်တက်လာပြီဖြစ်တာအပြင် ရော်ဘာ လှိုင်လှိုင် ထွက်တဲ့ရာသီရောက်ပြီဖြစ်တာကြောင့် တဖြည်းဖြည်းတင်ပို့မှု မြင့်တက်လာတာဖြစ်ပါတယ်။    နယ်စပ်ကုန်သွယ်ရေးကလည်း မူဆယ်၊ ချင်းရွှေဟော်နဲ့ တာချီလိတ်စခန်းများကနေ တန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ အနည်းငယ်မြင့်တက်လာပြီး RSS-3 တစ်တန်ကို (၃၂၅၀-၃၃၀၀) ဒေါ်လာနဲ့ RSS-5  တစ်တန်ကို (၃၁၅၀-၃၂၀၀) ဒေါ်လာကြား ဈေးရတယ်လို့ သိရပါတယ်။KZW