နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်ထိကာလအတွင်းမူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ် စခန်းများမှ ရော်ဘာအဆင့် စုံအပြင် ရော်ဘာဖြတ်စစုစုပေါင်း ၁၀၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၈၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၂၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ MSR -20 ၂၄၉ ဒသမ ၃၆၅ တန်၊ RSS-3 ၂၆၂ ဒသမ ၅၀၆ တန်၊ MSR -50 ၁၆၇ ဒသမ ၃၀၀ တန်နဲ့ ရော်ဘာဖြတ်စ ၁၀ တန်၊ချင်းရွှေဟော်နယ်စပ်မှ RSS-3 ၁၄၇ တန်နီးပါး၊ MSR -20 တန် ၁၅၀ နဲ့ တာချီလိတ်မှ RSS-3 တန် ၄၀တင်ပို့ခဲ့ ပါတယ်။ မိမိဖက်ရောတစ်ဖက်နိုင်ငံရော်ဘာဈေးများ မြင့်တက်နေတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ယခုဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ ရော်ဘာ ၁၇၉၁၂ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၂၁၈၆၂ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဒီလိုလျော့နည်းခဲ့ရတာကတော့ ပြည်ပရော်ဘာဈေးနှုန်းတွေ ကျဆင်းပြီး ကုန်သယ်ယူစရိတ်တွေ မြင့်တက်လာတာကြောင့် ပြည်တွင်းရော်ဘာလက်ကျန်များကို တရုတ်ဈေးကွက် ဝယ်လိုအားအရ မိမိလုပ်ငန်းရှင်များမှ အကျိုးအမြတ်အနည်းငယ်နဲ့ တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။ ရော်ဘာထွက်တဲ့ကာလဖြစ်တာကြောင့် တဖက်နိုင်ငံမှ ဝယ်ယူဈေးကျဆင်းနေပြီး မိမိဘက်ကလည်း အရောင်းအဝယ်ပါးတာကြောင့် ရော်ဘာတင်ပို့မှုလျော့နည်းတာဖြစ်တယ်လို့ သိရပါတယ်။ ရော်ဘာကုန် သယ်ယူခကတော့ ယခင်အပတ်ထက် ၁ ပိသာကို ၆ ကျပ်နှုန်းတိုးလာတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တဖက်နိုင်ငံဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၇၀၅၂၈ ၂၅၆၄၄၀၄ ၆၁၂၄ ၀ .၂၃ ၃၃၁၅ ၃၃၀၇ ၈ ၀ .၂၄RSS - 5 ၂၂၃၂၉၄၆ ၂၂၂၆၈၂၂ ၆၁၂၄ ၀ .၂၇ ၃၁၅၇ ၃၁၅၀ ၇ ၀ .၂၂MIRT (DOBT)
Background