မလေးရှားနိုင်ငံမှာ ရော်ဘာလုပ်ငန်းငယ်များက အစေးထွက်နှုန်းမြင့်တဲ့ မျိုးစိတ်သစ်ကို စိုက်ပျိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အစိုးရက ဆီအုန်းကို နိုင်ငံရဲ့ အဓိကဝင်ငွေရတဲ့သီးနှံအဖြစ် သတ်မှတ်ထား ရာကနေ ယခုအခါ ရော်ဘာကို အစားထိုးတော့မှာဖြစ်ကြောင်း မလေးရှားရော်ဘာအသင်း (MRB) က ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် ရော်ဘာက အဓိကကျတဲ့ သီးနှံအဖြစ် မကြာသေးမီကမှ မလေးရှားအစိုးရက သတ်မှတ်ခဲ့ပါတယ်။ ယခု စိုက်ပျိုးမယ့်ရော်ဘာမျိုးသစ်က မူလစိုက်ပျိုးထားတဲ့အပင်တွေထက် အရည်အသွေးမြင့်ပြီး အစေးထွက် ၂ ဆရှိကြောင်း သိရပါ တယ်။ မျိုးစိတ်သစ်က တစ်နှစ်ကို တစ်ဟက်တာကို ရော်ဘာအစေး ကီလို ၃၀၀၀ ထုတ်လုပ်နိုင်ပြီး ယခင်မျိုးဟောင်း ကတော့ တစ်နှစ်ကို တစ်ဟက်တာ ၁၅၀၀ ထုတ်လုပ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကတည်းက (MRB) ကပြီးပြည့်စုံတဲ့ မျိုးစိတ်သစ်ရဖို့ကို သုတေသနနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းအတွက် နှစ်စဉ်သန်းနဲ့ချီပြီး အကုန်အကျခံကာ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ယခုအခါ (MRB) က1 Malaysia Rubber Clone ကိုထုတ်လုပ်လိုက်ပြီး ၁၀၀ ရာခိုင်နှုန်းအရည်အသွေးမီကာ လာမယ့်ကာလများအတွက် အလားအလာ ကောင်းများ ကို ဆောင်ကျဉ်းပေးမှာဖြစ်ကြောင်း သိရပါတယ်။ စိုက်ပျိုးသူတွေ အတွက် စွန့်စားမှုတွေနဲ့ကြုံတွေ့နိုင်ကြောင်းနဲ့ မရိုးသားတဲ့ကုန်သည်တွေက မျိုးစိတ်ဟောင်းတွေကို လိမ်လည် ရောင်းချနိုင် ကြောင်း (MRB) က ပြောကြားခဲ့ ပါတယ်။ ဒါပေမယ့် (MRB) အနေနဲ့ မျိုးစိတ်သစ်ကို ရောင်းချရာမှာ ထိန်းချုပ်ဆောင်ရွက်မှာ ဖြစ်ကြောင်းလဲ သိရပါတယ်။ Source: Borneo Post,KZW
Background