Main menu

Background

တိုကျိုရော်ဘာကြိုပွိုင့် ဈေးနှုန်းများ ကျဆင်း

Mon, 12/12/2011 - 09:48 -- Anonymous (not verified)

    ဒီဇင်ဘာ ၆ ရက်နေ့အစောပိုင်းမှာ ဥရောပနိုင်ငံတွေရဲ့ ကြွေးမြီအဆင့်အတန်းကို လျှော့ချသတ်မှတ်မယ်လို့ Standard  & Poor's အေဂျင်စီက ကြေညာလိုက်ပြီးနောက် ရေနံစိမ်းဈေးနှုန်းတွေနဲ့ အတူ တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းတွေ ကျဆင်း သွားခဲ့ရတယ်။     မေလသင်္ဘောတင်မယ့် တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၁ ဒသမ ၅ ယန်းဈေးကျ သွားကာ ၂၈၂ဒသမ ၁ ယန်းနဲ့ ချုပ်ဆိုခဲ့ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့က ရှန်ဟိုင်းမှာ မေလသင်္ဘောတင် မယ့် ရော်ဘာကြိုပွိုင့် ဈေးနှုန်းကလည်း သုည ဒသမ ၅ ရာခိုင်နှုန်းဈေးတက်သွားကာ တစ်တန်ကို ၂၆ ဒသမ ၀၂၅ ယွမ်နဲ့ ချုပ်ဆိုခဲ့ပါတယ်။    အာဆီယံရော်ဘာလုပ်ငန်းကောင်စီက ကြွေးဆပ်ဖို့ ပျက်ကွက်တဲ့ ဝယ်ယူသူတွေကို နံမည်ပျက်စာရင်း မှာထည့်သွင်းလိုက် ကာ အာဆီယံအဖွဲ့ဝင်တွေကို ဈေးနှုန်းတွေထိုးဆင်းခြင်းမှ သက်သာပြေလျော့စေဖို့အတွက် ဈေးလျှော့ရောင်းချခြင်းမပြုဖို့ တိုက်တွန်းလိုက်ကြောင်း သတင်းရရှိပါတယ်။        Source:finance.yahoo.com၊ အေးမွန်မွန်လှိုင်