Main menu

Background

ပြောင်းတင်ပို့မှု တန် ၁၀၀၀ ကျော် တိုးတက်

Mon, 12/12/2011 - 09:49 -- Anonymous (not verified)

    နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၃ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၄၃၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၉၆ သန်းဖိုးတင်ပို့ခဲ့ပါ တယ်။ အများဆုံးတင်ပို့တာကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး ဗီယက်နမ်ကိုလည်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က တန် ၈၀၀၀ နီးပါးတင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၁၅၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းမှာ ပြောင်း သစ်တွေထွက်ရှိနေပြီဖြစ်တာကြောင့် ဈေးနှုန်းပြောင်းလဲမှုမရှိပေမယ့်လည်း အရေ အတွက်များများ တင်ပို့နေတာ တွေ့ရပါတယ်။ နယ်စပ်ကတော့ ယခုတစ်ပတ်မှာ မူဆယ်နဲ့ ချင်းရွှေဟော်စခန်းတွေကနေ ၂၀၆၃၆ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။                                     KZW