Main menu

Background

ပြောင်းတင်ပို့မှု တန် ၅၀၀၀ ခန့်လျော့ကျ

Mon, 12/12/2011 - 09:53 -- Anonymous (not verified)

    ယခုတစ်ပတ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ ပြောင်းတန်ချိန် ၂၀၆၃၆ တန်၊ တန်ဖိုးကန် ဒေါ်လာ ၅ဒသမ၇၇၈ သန်းဖိုးကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၅၀၀၀ ခန့်အပို့လျော့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီးနယ်စပ်မှ တင်ပို့နိုင်ခဲ့ခြင်းမရှိတာကြောင့် တင်ပို့မှု လျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ပြောင်း တန်ချိန် ၃၈၅၇၅၉ တန်တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၅၆၀၆၉တန် ပိုမိုတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခုလိုပိုမိုတင်ပို့နိုင်ခြင်းကတော့ တစ်ဖက် တရုတ် နိုင်ငံမှ ဝယ်လိုအားရှိပြီး မိမိတို့ဘက်မှလည်း မန္တလေး၊တောင်ကြီး၊ သီပေါ၊ကျောက်မဲ၊ နောင်ချို ရှမ်းမြောက်ဒေသမှထွက်ရှိသော ပြောင်းသစ်များအပြင် မြန်မာပြည်အနှံ့ ပြောင်းစိုက်ပျိုးသည့်ဒေသအားလုံးမှ ထွက်ရှိသည့်ပြောင်းများအား ဈေးကွက်အတွင်း ဝင်ရောက် ရောင်းချလျက်ရှိပြီး အခွန်နှုန်းသက်သာမှုကြောင့် တင်ပို့ နိုင်မှုပိုမိုခဲ့ရခြင်း ဖြစ်ပါတယ်။ ပြောင်းဖူးစေ့ရော နှံစားပြောင်းဈေးနှုန်းများပါ မိမိဘက်ရော တစ်ဖက် နိုင်ငံဈေးများပါ မြင့်တက်ရှိတာတွေ့ရပါတယ်။                                       မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                  ယခု          ယခင်       ပြောင်းလဲမှု     %      ယခု     ယခင်     ပြောင်းလဲမှု     %ပြောင်းဖူးစေ့    ၂၃၅၂၅၀    ၂၂၉၁၂၆         ၆၁၂၄     ၂ .၆    ၂၉၇      ၂၉၃          ၄             ၁ .၃နံှစားပြောင်း    ၂၁၃၉၃၆    ၂၀၈၁၅၉၅       ၅၇၇၇      ၂ .၇    ၃၃၂      ၃၄၆         ၁၄            ၄ .၂MIRT (DOBT)